Home
အနုပညာ
အယ်လ်ဆိုင်းဇီရဲ့ သီတင်းကျွတ်လက်ဆောင်သီချင်း - လျှပ်စစ်ပွဲတော်ည (ရုပ်သံ)
DVB
·
October 22, 2018
“ကြယ်ပင်လယ် လျှပ်စစ်ပွဲခင်းထဲ… ရင်ခုန်စွာ လမ်းလျှောက်ကာ ဝင်လာခဲ့… လူတွေဟာ သီချင်းလှိုင်းများထဲ… ခိုဝင်ကာ ပျော်ရွှင်ကြည်နူးသွား” ဒါကတော့ တေးသံရှင် အယ်လ်ဆိုင်းဇီ သီဆိုထားတဲ့ လျှပ်စစ်ပွဲတော်ညသီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ သီတင်းကျွတ်မီးထွန်းပွဲတော် ရောက်ရှိတော့မှာမို့ ရာသီအမီ ထွက်လာခဲ့တဲ့ သီချင်းလေးတပုဒ်ပါ။ “အားလုံး သူလိုကိုယ်လိုပဲကွယ်… နှလုံးသား ကိုယ်စီအကုန်ပါသွားတယ်… ဝိုး… ဝိုး…. အချစ်ရယ်… ကြည့်လေ… တို့လိုပဲ… လူတိုင်းစိတ်ထဲလှုပ်ရှား… ရောင်စုံမီးလုံးများ ကြယ်တွေလိုပဲ သိပ်လှတယ်” မြူးကြွတဲ့ သံစဉ်နဲ့ တေးသီချင်းစာသားတွေနဲ့အတူ နေရာအနှံ့က သီတင်းကျွတ် မီးထွန်းပွဲတော်ပုံရိပ်တွေကို ဒီရုပ်သံဗွီဒီယိုထဲမှာ အယ်လ်ဆိုင်းဇီရဲ့ သီဆိုဟန် သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမှာပါ။ “ရောင်စုံအသည်းနှလုံးများ… သံစဉ်တွေကြား လှပတယ်… ပွဲတော်ည… ည… ည… လျှပ်စစ်ညပေါ့ကွယ်” တေးသံရှင် အယ်လ်ဆိုင်းဇီဟာ ထူးခြားတဲ့ အသံနဲ့ ဂီတလောကထဲကို ရောက်ရှိ လာခဲ့သူတဦးဖြစ်ကာ တကိုယ်တော် တေးအယ်လ်ဘမ်တွေရော အတွဲတေးအယ်လ်ဘမ် တွေပါ များစွာထွက်ရှိထားခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သူ တဦးဖြစ်ပါတယ်။ ဒီသီချင်းရုပ်သံကိုတော့ MMN Entertainment ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024