Home မြန်မာသတင်း ဆူးလေဆိပ်ကမ်းတံတားများ ပြုပြင်ရန် တင်ဒါခေါ်
ဆူးလေဆိပ်ကမ်းတံတားများ ပြုပြင်ရန် တင်ဒါခေါ်
Sule Sule ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူးလေဆိပ်ကမ်းတံတားတွေကို အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့် ပြုပြင်ဖို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေက အိပ်ဖွင့်တင်ဒါ ခေါ်ယူလိုက်ပါတယ်။
ဆူးလေဆိပ်ကမ်းတံတား အမှတ်(၁၊၂၊ ၃၊ ၄) တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်ကိရိယာများ တပ်ဆင်ခြင်းနဲ့ နောက်ခံမြေပေါ်တွင် ဆက်စပ်ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် တင်ဒါကို အက်ဖ်အီးစီ ၂၀၀ နဲ့ ခေါ်ထားတာကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၀က်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်းရေကာတာတံတိုင်းကို မြစ်ဘက်ကို တိုးချဲ့တည်ဆောက်ဖို့ မြေဖို့ဖို့နဲ့ အဲဒီမြေပေါ်မှာ အပန်းဖြေ အနားယူနိုင်ရေး နေရာတွေ၊ အဆောက်အဦတွေနဲ့ ဆိုင်ခန်းတွေ တည်ဆောက်ဖို့အတွက် တင်ဒါကို အက်ဖ်အီးစီ ၁၀၀ နဲ့ ခေါ်ယူပါတယ်။
တင်ဒါပုံစံတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဩဂုတ် ၂၃ ရက်ကနေ ၂၄ ရက်နေ့ထိ ရုံးချိန်အတွင်း ဝယ်ယူတင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။
ဆက်စပ်သတင်းများ