A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ရဲများကို ခဲဖြင့်ပစ်ပေါက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့မှာ ရထားလမ်း မတော်တဆမှု ဖြစ်ရာနေရာက ဒေါသထွက်နေတဲ့ လူတွေဟာ အောက်တိုဘာ ၂၁ ရက်မှာ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို ဘဏ္ဍာရေးဆိုင်ရာ လျော်ကြေး ချက်ချင်းပေးဖို့နဲ့ ဝင်ငွေဆုံးရှုံးသူတွေကို အစိုးရက အလုပ်အကိုင် ဖန်တီးပေးဖို့ ဆန္ဒပြသူ အယောက်တရာလောက်က တောင်းဆိုခဲ့ကြပါတယ်။ အောက်တိုဘာ ၁၉ ရက် ညနေက ရထားလမ်းပေါ်မှာ ကျင်းပနေတဲ့ ဒက်ရှာဟရာ ပွဲတော်အတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက် ဆူညံနေသလို ပုံစံတူ အရုပ်တွေကို အမှောင်ထဲမှာ မီးရှို့နေလို့ ရထားလာနေတာကို လူတွေက မသိခဲ့ကြဘူးလို့ ဒေသခံမီဒီယာက ဆိုပါတယ်။ ဒီလူအုပ်ကို ခရီးသည်တင်ရထားက အရှိန်နဲ့ တိုက်မိခဲ့လို့ သေဆုံးသူဦးရေဟာ ၆၁ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။ လူတွေ ရထားလမ်းတွေအနီး ပွဲတော်လုပ်နေချိန်မှာ ရထားလာဖို့ ခွင့်ပြုခဲ့လို့ ရထားအာဏာပိုင်တွေကို သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက အပြစ်တင်ခဲ့ပါတယ်။ ရထားလမ်း အာဏာပိုင်တွေကတော့ ပွဲတော်အစီအစဉ်တွေကို သူတို့ဆီ အကြောင်းကြားထားတာ မရှိဘူးလို့ ပြောပါတယ်။ ရထားလမ်းတွေအနားမှာကို လူတွေ မတ်တပ်ရပ်မနေသင့်ဘူးလို့လည်း ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ ဒေသခံတွေဟာ အခင်းဖြစ်ရာကို ရောက်လာကြပြီး ရဲတွေကို ကျောက်ခဲတွေနဲ့ စပစ်ပေါက်ခဲ့တာပါ။ ဝမ်းနည်းနေတဲ့ မိသားစုတွေကို အကူအညီပေးတာမျိုးလည်း မရှိဘူးလို့ သူတို့က ပြောကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up