ဘိုလီးဗီးယား တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား ကြမ်းပြင်ပြိုကျ

1.6K
ဘိုလီးဗီးယားနိုင်ငံ အရှေ့တောင်ပိုင်း ကာမီရီမြို့က ဆယ်လက်စီယာနာ တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပနေတုန်း ဘွဲ့ယူသူတွေနဲ့ ပြည့်နေတဲ့ အခန်းက ကြမ်းပြင် ပြိုကျခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်က ဒီဖြစ်ရပ်အတွင်း လူဆယ်ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဒဏ်ရာရသူတွေကို ဒေသန္တရဆေးရုံ ဆေးခန်းတွေဆီ ခေါ်သွားခဲ့တာပါ။ ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးဆုံးကြောင်း ကြေညာပြီးပြီးချင်း ကြမ်းခင်းပြိုကျခဲ့တာ ဖြစ်ပါတယ်။