ကိုလံဘီယာတွင် အိမ် ၃ လုံးပေါ် မြေပြို၊ လူ ၉ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာနိုင်ငံအလယ်ပိုင်း ဘာရန်ကာဘယ်မေဂျာမြို့က ဆင်းရဲသားရပ်ကွက်မှာ အိမ် ၃ လုံးပေါ် မြေပြိုမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်က မြေပြိုမှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးငါးယောက်လည်း ပါပါတယ်။ လူ ၃ ယောက်ကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းကို လာရှင်းပေးဖို့ ကိုလံဘီယာ အမျိုးသားစစ်တပ်ကို မြို့တော်ဝန်က အကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။ မိုးကြီးတဲ့အတွက် မြေပြိုခဲ့တာလို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ တောင်ထူတဲ့ ဒေသအတွင်း မိုးရာသီမှာ မြေပြိုမှုတွေက ဖြစ်နေကျပါ။ သစ်တောပြုန်းတီးတဲ့ ဒေသအတွင်း ကျူးကျော်အိမ်တွေ ဆောက်နေကြတဲ့နေရာမှာ မြေပြိုတာ ဖြစ်လေ့ရှိတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

//
More News
Up