DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပြဿနာ ပြည်တွင်းရေးသာဖြစ်ကြောင်း အစိုးရ ကြေညာ
DVB
·
August 22, 2012
Donate to DVB

ရခိုင်ပြည်နယ်ပြဿနာဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ပြဿနာ ဖြစ်အောင် မလုပ်ကြဖို့  မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၁ ရက် နေ့စွဲနဲ့ သတိပေးကြေညာလိုက် ပါတယ်။

ဒီကြေညာချက်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေဟာ အုပ်စုချင်း အပြန်အလှန် တုံ့ပြန်အကြမ်းဖက်မှုသာဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီကိစ္စကို ဘာသာရေး အကြောင်းပြပြီး နိုင်ငံရေးအရ ဒေသတွင်း ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ပြဿနာဖြစ်အောင် လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမှာ မဟုတ်ကြောင်းနဲ့ ဒါဟာ  ပြဿနာအဖြေရှာရေးကို အထောက် အကူမပြုစေဘဲ ပိုမိုရှုပ်ထွေးခက်ခဲစေမယ်လို့ သတိပေးထားပါတယ်။

ဒါ့ပြင်ဒီကြေညာချက်မှာ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ စပ်လျဉ်းပြီး ပြည်ပ သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတချို့က မဟုတ်မမှန် ချဲ့ထွင်လုပ်ကြံ ထုတ်လွှင့်တဲ့ သတင်းမှားတွေကို အခြေခံပြီး ပြည်ပက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်မှုတွေ ပြုလုပ်နေတယ် လို့လည်း ဆိုပါတယ်။

လက်ရှိရရှိနေပြီဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုတွေကို ထိခိုက်စေမယ့် ပြင်ပမှ ၀င်ရောက် စွက်ဖက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကို ရပ်သင့်ပြီလို့လည်း မြန်မာ အစိုးရက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ရခိုင်တိုင်းရင်းသား ၃၁ ဦးနဲ့ ဘင်္ဂါလီလူမျိုး ၅၇ ဦး စုစုပေါင်း ၈၈ ဦးသေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အဦတွေနဲ့ လူနေအိမ်တွေ မီးလောင်ဖျက်ဆီးခံခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013