A d v e r t i s e m e n t With Us

လက်စတာတွင် ခြေစွမ်းပြကစားနိုင်မှုအပေါ် ဂျိမ်းစ်မက်ဒီဆင် ပျော်ရွှင်နေ

မကြာသေးခင်ကမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံလိုက်ရတဲ့ ဂျိမ်းစ်မက်ဒီဆင်ဟာ လက်စတာအသင်းမှာ ခြေစွမ်းပြ ကစားနိုင်တာကို ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ မြေခွေးများလို့ ခေါ်တဲ့ လက်စတာအသင်းအတွက် ၃ ဂိုးသွင်းယူပြီး ၂ ဂိုး ဖန်တီးထားတဲ့ မက်ဒီဆင်က သူ့အတွက် ခြေလှမ်းတွေဖြစ်ပြီး အမှန်တကယ် ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာပါ။ မက်ဒီဆင်ဟာ နောဝစ်ခ်ျအသင်းကနေ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လာမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ယုံကြည်မှုအပြည့်ရှိသလို ၉ ပွဲဆက် အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းကိုလည်း ရပ်တန့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်အသင်းဟာလည်း အူနိုင်းအမ်မရီလက်ထက် အကောင်းဆုံးပုံစံမှာ ရှိနေသလို တိုက်စစ်မှူးကောင်းတွေရှိလို့ ခက်ခဲနိုင်ပေမယ့် ပြိုင်ပွဲပုံစံကောင်းနဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်သလို အနိုင်ရရှိဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up