တရုတ်တွင် အမြင့် ၄၅၀ မီတာရှိ ဂူကြီးတခု ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဇူအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဂူကြီးတခုကို တရုတ်နဲ့ ဗြိတိန် ပူးတွဲလေ့လာရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖန်းရှန်စီရင်စုက နော်ကုအာတွင်းကြီးဟာ မီတာ ၂ဝဝ ရှည်လျားပြီး မီတာ ၁ဝဝ- ကျယ်ဝန်းကာ ၁၁၈ မီတာ အနက်ရှိပါတယ်။ အဲဒီတွင်းကြီးရဲ့ အောက်ခြေမှာ ပြိုကျမှုတွေကြောင် ဂူကြီးတခု ဖြစ်ပေါ်နေတာပါ။ လေ့လာရေးအဖွဲ့က ကြိုးကို အသုံးပြုပြီး ဂူအောက်ခြေကို ဆင်းခဲ့ပါတယ်။ အဲဒီနောက် အဆင့်မြင့်  3D နည်းပညာ အသုံးပြုပြီးတွင်းကြီး၊ ဂူတွေနဲ့ မြေအောက် လှိုက်ဂူအခန်းတွေကို စကင်န် ဖတ်ခဲ့ပါတယ်။ 3D စကင်န် ဖတ်မှတ်အရ ဂူပေါက်ဝအမြင့်ဟာ မီတာ ၁၅ဝ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေအောက်မြစ် ကနေ လေထွက်ပေါက်အထိ အမြင့် ၄၅ဝ မီတာ ရှိပါတယ်။ ဒီလေ့လာရေးကရရှိတဲ့ ရလဒ်တွေဟာ ဒေသမြေမျက်နှာသွင်ပြင် တိုင်းတာရေးနဲ့ ခရီးသွားရင်းမြစ် ဖွံ့ဖြိုးရေးအတွက် အလွန်အဖိုးတန်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up