DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းတွင် တပ်မတော်နှင့် ကေအန်ပီပီ တိုက်ပွဲဖြစ်
DVB
·
October 20, 2018
ဖားဆောင်းတွင် တပ်မတော်နှင့် ကေအန်ပီပီ တိုက်ပွဲဖြစ်
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ဒီမနက်က တပ်မတော်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ကေအန်ပီပီ ပြောခွင့်ရသူက ဆိုပါတယ်။

လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က “ဒီမနက် ၇ နာရီခွဲလောက်က ဖြစ်တာ။ ဖားဆောင်းမြို့၊ နန်းကစ်ရွာ အနောက်တောင်ဘက် ပဟော့ခိုနားမှာ။ ခုထိတော့ သတင်းအတိအကျ မသိမရသေးဘူး။ ဖြစ်တာတော့ ဖြစ်တယ်။ အစိုးရတပ်က ၄၂၈ ပါ” လို့ ပြောပါတယ်။

ဖားဆောင်းဘက်ကို အချက်အလက်တောင်းထားတုန်းဖြစ်ပြီး အစိုးရတပ်တွေက သတင်းမပို့ဘဲ ဝင်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“နန်းကစ်မှာ ကျနော်တို့ စခန်းရှိတယ်။ အဲဒီမှာ သတင်းမပို့ဘဲ ဖြတ်သွားတော့ ဖြစ်တာ။ ဒါနဲ့ ပတ်သက်ပြီး တပ်ဘက် တာဝန်ရှိသူတွေနဲ့ ဒီနေ့ည တွေ့ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ကေအန်ပီပီဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဓာတ်ပုံ - ကေအန်အိုင်စီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013