လီဗာပူးနောက်ခံလူ မိုရီနိုကို ပြောင်းရွှေကြေားအလွတ်ဖြင့် ခေါ်ယူရန် အာဆင်နယ် စောင့်ကြည့်

အာဆင်နယ်အသင်းဟာ လီဗာပူးနောက်ခံလူ မိုရီနိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ လီဗာပူးအသင်းမှာ ရော်ဘင်ဆန် ခြေစွမ်းပြနေတာကြောင့် စပိန်နောက်ခံလူ မိုရီနိုအတွက် ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေတာပါ။ စာချုပ်သက်တမ်တိုးဖို့လည်း မရှိတော့တာကြောင့် မိုရီနိုအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက ခေါ်ယူဖို့  စိတ်ဝင်စားနေတာပါ။ မိုရီနိုဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာ ဖို့ရှိနေတယ်လို့ဆိုပါတယ်။ အသက်၂၆ နှစ်ရှိ မိုရီနိုဟာ အခုနှစ်ရာသီမှာ တပွဲပဲ ကစားခွင့်ရထားသလို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း စုစုပေါင်း၂၈ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up