A d v e r t i s e m e n t With Us

ကလေးများ ဗိုလ်ချုပ်သီချင်း ဆိုပြသည့်ရုပ်သံ ကြည့်ရှု နားဆင်သူ များနေ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆော့လော်၊ လာချင်ဒေသနေ ကျောင်းသားကလေးငယ်တွေက ဗိုလ်ချုပ်သီချင်း ဆိုပြတဲ့ ရုပ်သံဖိုင်ဟာ အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်ခ်မှာ တင်လိုက်ပြီးတဲ့နောက် ကြည့်ရှုသူနဲ့ ရှယ်သူ များနေပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်တည်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီ ကျွေးမွေးစောင့်ရှောက်ပေးထားတဲ့ မြစ်ကြီးနားမြို့ပေါ်ရွှေစက်ရပ်ကွက်ရှိ ဆော့လော်၊ လာချင်ဒေသနေ ကျောင်းသားကလေးငယ်များ စောင့်ရှောက်ရေးစခန်းကို ဒီနေ့ သွားရောက်ကြည့်ရှူစဉ်မှာ စခန်းက ကျောင်းသားတွေက ဗိုလ်ချုပ်အောင်းသီချင်းနဲ့ ငြိမ်းချမ်းခြင်းကို တည်ဆောက်စို့ ဆိုတဲ့ သီချင်း ၂ ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ သီချင်းရုပ်သံဖိုင်တင်ပြီး နာရီပိုင်းအတွင်းမှာပဲ လိုက်ခ်လုပ်သူ ၈၅၀၀ ကျော်၊ ရှယ်သူ ၃၅၀၀ ကျော်ရှိပြီး ကောမန့်တွေမှာလည်း ရင်ထဲက အသံတွေ၊ ငြိမ်းချမ်းခြင်းကို အမေနဲ့အတူ အမြန်တည်ဆောက်နိုင်ပါစေ။ ကလေးတို့ရေ ကလေးတို့ဘဝလေးတွေ အမြန်ဆုံးအေးချမ်းသာယာမှာပါ။ ကြည်​နူးစရာမြင်​ကွင်း စသဖြင့် ၀င်ရေးထားကြတာလည်း တွေ့မြင်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up