သတင်းကျွတ်ကာလ မုန်တိုင်းဖြစ်နိုင်သဖြင့် ပင်လယ်ကမ်းခြေသွားမည့်သူများကို ဦးထွန်းလွင် သတိပေး

သီတင်းကျွတ်လပြည်နေ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ ရှိနေပြီး ပင်လယ်ကမ်းခြေ သွားလာကြမယ့်သူတွေ သတိထားသွားလာကြဖို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ နှိုးဆော်ထားပါတယ်။ အောက်တိုဘာ ၂၃-၂၄ ရက် (သီတင်းကျွတ်လပြည့် အဖိတ်နေ့နဲ့ လပြည့်နေ့) တွေမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ အရှေ့လေပွေလှိုင်းတခုဖြတ်သန်းလာမှုကြောင့် ချောင်းသာ-ငွေဆောင်-ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတ၀ိုက် မုန်တိုင်းတခု ကမ်းတလျှောက် ရွေ့လျှားသွားနိုင်တယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်အရတော့ အောက်တိုဘာ ၂၄ ရက်နေ့ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ ရှိနေတယ်၊ ဒါကြောင့် ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေ ခရီးသွားတွေ သတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up