Home
မြန်မာသတင်း
ကားကြုံစီးသည့် ဝန်ဆောင်မှုကို တောင်ကိုရီးယား အငှားယာဉ်မောင်း သောင်းချီ ဆန္ဒပြ
DVB
·
October 19, 2018
တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မှာ ထောင်သောင်းချီနေတဲ့ အငှားယာဉ်မောင်းတွေ အောက်တိုဘာ ၁၈ ရက်က ဆန္ဒပြကြပါတယ်။ နိုင်ငံတွင်း ထိပ်တန်း အပလီကေးရှင်း ခါခါအို ကော်ပိုရေးရှင်းက စီစဉ်တဲ့ ကားကြုံစီးနိုင်တဲ့ ဝန်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြတာ ဖြစ်ပါတယ်။ Kakao Mobility ဟာ အွန်လိုင်းတက္ကစီ ဝန်ဆောင်မှုနဲ့ ယာဉ်ရပ်နားစခန်း ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ပါတယ်။ အင်္ဂါနေ့ကစပြီး သူ့ဌာနအတွက် ယာဉ်မောင်းတွေကို စုဆောင်းခဲ့တာပါ။ ခါခါအိုဟာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဟွန်ဒိုင်းကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ပြည်တွင်း ကားကြုံစီးလုပ်ငန်းသစ် လူရှီကို ဝယ်ခဲ့ပါတယ်။ ကားကြုံစီးနိုင်တဲ့ ယာဉ်မောင်းအလုပ်ကို ပြောင်းရင် သူ့အတွက် အကျိုးအမြတ် ပိုများကောင်း များနိုင်တယ်လို့ အငှားယာဉ်မောင်း လီဆွန်းဂျိုးက ပြောပါတယ်။ ဒါပေမယ့် ချီတက်ပွဲမှာ မိန့်ခွန်းပြောတဲ့ သမဂ္ဂခေါင်းဆောင် တယောက်ကတော့ ကားကြုံစီးစနစ်ဟာ အငှားယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်လိမ့်မယ်လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲဟာ ကမ္ဘာ့စမတ်ဖုန်းသုံးစွဲမှု အမြင့်ဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ တောင်ကိုရီးယားမှာ ကားကြုံစီး ဝန်ဆောင်မှုအတွက် နောက်ဆုံး စိန်ခေါ်မှုပါ။ တောင်ကိုရီးယားပြည်သူ ၅၁ သန်းရဲ့ တဝက်နီးပါးဟာ ဆိုးလ်မြို့တော် စည်ပင်ဒေသထဲမှာ နေထိုင်ကြပါတယ်။ ခါခါအိုကတော့ မြို့တော်အတွင်း တက္ကစီရှားပါးတဲ့ ရုံးတက်ရုံးဆင်းချိန်မှာသာ လမ်းကြောင်းတူတဲ့ လမ်းတလျှောက် ကားကြုံစီးနိုင်ဖို့ သူ့ဝန်ဆောင်မှုကို ပေးမယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024