Home
မြန်မာသတင်း
အဂတိတိုက်ဖျက်ရေး နည်းလမ်း သုံးသွယ်ဖြင့် လုပ်ဆောင်နေဟု ကော်မရှင်ဥက္ကဋ္ဌ ပြော
ရွှေအောင်
·
October 19, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အခြားတိုင်းပြည်တွေလိုပဲ  နည်းလမ်း ၃ သွယ်နဲ့ လုပ်ဆောင်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က  ပြောပါတယ်။ အောက်တိုဘာ ၁၈ ရက်က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးခန်းမမှာ ပြုလုပ်ခဲ့တဲ့  ကော်မရှင်က ပြုစုထုတ်ဝေတဲ့ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (အခြေခံပညာမူလတန်း)" ဆရာကိုင် စာအုပ်ကို ပညာရေးဝန်ကြီးဌာနဆီ လွှဲပြောင်းပေးအပ်ပွဲအခန်းအနားမှာ ပြောခဲ့တာပါ။ "ပထမနည်းလမ်းဟာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းက တားဆီးကာကွယ်ရေးအပိုင်းဖြစ်တယ်၊ တတိယအပိုင်းမှာ အသိပညာပေးခြင်း နည်းလမ်းဖြစ်ပါတယ်၊ နည်းလမ်း (၃) သွယ်လုံးကို တပြိုင်တည်းဆောင်ရွက်နေတာဖြစ်ပြီး အသိပညာပေးခြင်းလုပ်ငန်းဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ထဲမှာ အရေးကြီးဆုံး လုပ်ငန်း၊ အထိရောက်ဆုံးလုပ်ငန်း၊ အလျင်မြန်ဆုံးလုပ်ငန်း၊ နစ်နာမှုအနည်းဆုံး လုပ်ငန်းနဲ့ လူတွေကို ကိုယ်ကျင့်တရားနဲ့ပြည့်စုံဖို့ ပြုပြင်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။" နိုင်ငံတော်အတွက် "အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ယန္တရားတရပ်" အနေနဲ့ ပထမဆုံးထုတ်ပြန်တဲ့ စာအုပ်တအုပ်ဖြစ်လို့ အကျိုးသက်ရောက်မှုနဲ့ သမိုင်းဝင်မှုမှာ သိသာထင်ရှားတဲ့ စာအုပ်တခုပ် ဖြစ်လာဖို့ မျှောက်လင့်တယ်လို့လည်း ဦးအောင်ကြည်က ပြောပါတယ်။ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်" ဆရာကိုင်စာအုပ်ဟာ အဓိက  မူလတန်းငယ် ကလေးသူငယ်တွေအတွက်ဖြစ်ပြီး အရေးကြီးတဲ့ အချက် ၂ ချက်ကို ဖော်ပြထားပါတယ်။ အမှန်တရားကိုလက်ခံဖို့၊ အမှန်တရားကို မြတ်နိုးဖို့နဲ့  ဝန်ခံတတ်ဖို့၊ တာဝန်ယူတတ်ဖို့ဖြစ်ပြီး အခြေခံအဆင့်ကစလို့ ရှေ့အဆင့်ဆင့်ထိ ဒီထက်ပိုပြီးမြင့်မားတဲ့ အသိပညာပေးရေး လုပ်ငန်းစဉ်တွေ ပြုစုတင်ပြသွားဖို့ ရှိတယ်လို့လည်း အခန်းအနားအစီအစဉ်အရ သိရပါတယ်။ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်" ဆရာကိုင်စာအုပ်ကို ပညာရေးဝန်ကြီးဌာနအပါအဝင်၊ အခြားအဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ကမကထပြု ရေးဆွဲပြုစုခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024