တိုက်လေယာဉ်ပျက်ကျ သေဆုံးခဲ့သည့် ဗိုလ်ကြီး ၂ ဦး၏မိသားစုထံ အတိုင်ပင်ခံပုဂ္ဂိုလ် ၀မ်းနည်းကြောင်းစာ ပေးပို့

တိုက်လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ဗိုလ်ကြီး နှစ်ဦးရဲ့ မိသားစုတွေထံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်နည်းကြောင်းစာ ပေးပို့လိုက်ပါတယ်။ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီးဟာ လေ့ကျင့်ပျံသန်းစဉ် မမျှော်လင့်ဘဲ ကျဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့အတူ အထူးကြေကွဲဝမ်းနည်းရပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျဆုံးဗိုလ်ကြီးနှစ်ဦးရဲ့ ဇနီတွေထံ ပေးပို့ခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီးဟာ လေ့ကျင့်ပျံသန်းစဉ် မင်းဘူးမြို့နယ်ထဲမှာ မနက် ၇ နာရီခွဲလောက်က ပျက်ကျပြီး လေယာဉ်မှူး ဗိုလ်ကြီး ဟိန်းသူအောင်နဲ့ ဗိုလ်ကြီးဖြိုးမောင်မောင်တို့ နှစ်ဦး သေဆုံးသွားခဲ့တာပါ။ ဒီလိုမမျှော်လင့်ဘဲ ကျဆုံးသွားခဲ့ရတဲ့အတွက် ကျန်ရစ်သူ ဒေါ်စန္ဒီဖုန်းမြတ်မိသားစု၊ ဒေါ်ဝင်းသန္တာမိသားစုတို့နဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မေတ္တာဖြင့် အားပေးစကားပြောလိုက်ပါတယ်လို့ စာမှာ ပါရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ကျဆုံးသွားတဲ့ ဗိုလ်ကြီး မိသားစုအတွက် ဝမ်းနည်ကြေကွဲရကြောင်း အားပေးစာပေးပို့ခဲ့ပေမယ့် လေယာဉ်စထိမှန် သေဆုံးခဲ့ရတဲ့ ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းအတွက် ပါဝင်ခဲ့ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up