Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို ရောက်ရှိ
DVB
·
October 19, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောအောက်တိုဘာလ ၁၉ ရက်နေ့မနက်ပိုင်းက မြစ်ကြီးနားလေဆိပ်ကို ရောက်ရှိခဲ့ပြီး တိုင်းရင်းသားပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖို့ နေ့ချင်းပြန်ခရီးအဖြစ် သွားရောက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်သလို့ ကချင်စစ်ဘေးရှောင်ပြည်သူတွေကိုလည်း သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခုကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်ပြီး ပြီးနှစ်တဲ့နှစ် မတ်လ ၂၈ ရက်နေ့က ပထမအကြိမ်သွားရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024