Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 18, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၅၅၅ဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၇၅ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲက တအိတ်ကို ၅၅ဝဝဝ ကနေ ၅၉ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၄၅ဝ ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအသစ်က တအိတ်ကို ၃၉ဝဝဝ ကနေ ၄၃ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၃၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ကုလားပဲ v2 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၁ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇ဝ၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ  ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။ ပဲဇီးကွက် မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တအိတ်ကို ၇၇ဝဝဝ ကနေ ၇၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၃ဝဝ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၇ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲကြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၂၅ဝဝဝ ကနေ ၁၃ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၁၅ဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၈၅ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ စီပီပြောင်း မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၉ဝဝဝ ကနေ ၃ဝ၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၁၅ဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024