နိုင်ငံခြား အကူအညီနှင့်ပတ်သက်သည့် အမေရိကန် ကန့်သတ်ချက် ဂွါတီမာလာ ပယ်ချ

နိုင်ငံခြားအကူအညီနဲ့ ပတ်သက်တဲ့ အမေရိကန်သမ္မတရဲ့ ကန့်သတ်ချက်ကို ဂွါတီမာလာ သမ္မတက ပယ်ချလိုက်ပါတယ်။ ဂွါတီမာလာသမ္မတ ဂျင်မီမိုရေးစ်က သူ့အစိုးရဟာ နိုင်ငံခြားအကူအညီတွေအပေါ် ကန့်သတ်ချက်ထားတာကို ပယ်ချတယ်လို့ မနေ့က ပြောလိုက်တာပါ။ အကူအညီတွေမှာ တောင်းဆိုချက်တွေ တွဲလျက်မပါသင့်ဘူးလို့လည်း သူက ပြောပါတယ်။ အမေရိကန်ကို သွားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ယာဉ်တန်းဟာ ဂွါတီမာလာနိုင်ငံက တောထူတဲ့ဒေသကို အောက်တိုဘာ ၁၇ ရက်က ဖြတ်သန်းနေကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလယ်အမေရိကဒေသကို ပေးနေတဲ့ အကူအညီကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်အပြီး ခရီးမဆက်ကြဖို့ အာဏာပိုင်တွေက ဆော်သြနေပေမယ့် ရွှေ့ပြောင်းနေထိုင်သူတွေက အာခံနေကြပါတယ်။ သူတို့ဟာ မက္ကဆီကိုနိုင်ငံကို ရောက်အပြီး မြောက်ပိုင်းနယ်စပ်ကနေတဆင့် အမေရိကန် နိုင်ငံထဲမှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ တာဝန်ကျရဲတွေဟာ အောက်တိုဘာ ၁၇  ရက်နေ့က စာရွက်စာတမ်းမပါတဲ့ ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းတွေ ဂွါတီမာလာနိုင်ငံထဲကိုဝင်ပြီး ရွှေ့ပြောင်းယာဉ်တန်းနဲ့ မပူးပေါင်းအောင် ဟန့်တားခဲ့ကြပါတယ်။ အောက်တိုဘာ ၁၆ ရက်က စပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလွန်အားနည်းပြီး ခေတ်မမီတဲ့ ရွှေ့ပြောင်းနေထိုင်မှု ဥပဒေတွေလို့ တွစ်တာလူမှုကွန်ရက်မှာ ရေးရင်း ဆက်တိုက်ဝေဖန်ခဲ့ပါတယ်။ အမေရိကန်ကို ဦးတည်လာနေတဲ့ စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မတားဆီးရင် ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတွေကို အကူအညီ ဖြတ်တောက်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒိုနဲ့ နီကာရာဂွါနိုင်ငံတွေက အရွယ်ရောက်သူတွေဟာ နယ်စပ်ကိုဖြတ်ဖို့ မှတ်ပုံတင်သာပြဖို့ လိုအပ်ပါတယ်။ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီချက်ဟာ မက္ကဆီကိုနိုင်ငံကို ရောက်မှသာ ကျင့်သုံးမှု မရှိတော့တာပါ။ မက္ကဆီကို အစိုးရကတော့ မက္ကဆီကို ပြည်ဝင်ခွင့်ရှိသူ ဘယ်သူမဆို နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် သွားနိုင်တယ်။  လိုအပ်တဲ့ စာရွက်စာတမ်းမပါတဲ့ သူတွေကို သုံးသပ်စစ်ဆေးအပြီး မူရင်းနိုင်ငံ ပြန်ပို့မယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up