မြန်မာဖူဆယ်အသင်း တရုတ်Qingdao အသင်းကို ၁၈-၂ ဂိုးဖြင့် အနိုင်ရ

တရုတ်နိုင်ငံမှာ သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းဟာ ဂျီမို နိုင်ငံတကာ ချစ်ကြည်ရေးဖူဆယ်ဖလားပြိုင်ပွဲ တတိယမြောက် ပွဲစဉ်မှာ Qingdao အသင်းကို ၁၈-၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက်ဂိုးတွေကို ကျော်စိုးမိုးနဲ့ ပြည့်ဖြိုးမောင်နဲ့ မျိုးမြင့်စိုးတို့က သုံးဂိုးစီ၊ နိုင်လင်းထွန်းကျော်၊ ကိုကိုလွင်၊ ဝေဇင်ဦးတို့က နှစ်ဂိုးစီ၊ ငြိမ်းမင်းစိုးနှင့် သန့်ဇင်တို့က တစ် ဂိုးစီသွင်းယူပေးခဲ့ပြီး တရုတ်ကလပ် အသင်းက ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းယူခဲ့တာပါ။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ပြီးခဲ့တဲ့ Quindao Chen Xi အသင်းနဲ့ ပွဲစဉ်မှာတော့ ၆-၂ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး အဖွင့်ပွဲစဉ်မှာတော့   Shen Zhen အသင်းနဲ့ တစ်ဂိုးစီ သရေကျထားပါတယ်။ Qingdao Chen Xi အသင်းနဲ့ Shen Zhen အသင်းတို့ ပွဲစဉ်မှာတော့  ၄ ဂိုးစီ သရေ ကျခဲ့တာကြောင့် မြန်မာအသင်းဟာ အောက်တိုဘာ ၁၉ရက် မနက်မှာ Qingdao အသင်းနဲ့ပဲ တတိယနေရာလုပွဲကို ထပ်မံယှဉ်ပြိုင် ကစားရမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ် ထားပါတယ်။ ဓာတ်ပုံ-MFF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up