A d v e r t i s e m e n t With Us
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့မှာ ဧရာဝတီမြစ်ထဲကနေ  ၆ ​ပေ အရှည်​၊ လုံးပတ်​ ၃ ပေ ၇ လက်​မရှိ ငါးငိုက်​ အမည်​ရှိ ငါးကြီးတ​ကောင်​ကို ​ရေလုပ်​သားတစ်​ဦးက ပိုက်ကွန်ပစ်ရင်း အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲလောက်က ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ ငါးငိုက်ကို ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးနဲ့တိုင်​ပင်​ပြီး ​ရွှေဆိုင်းကပ်​​ပေးကာ  ဧရာဝတီမြစ်​အတွင်း ပြန်​လွှတ်​​ပေးခဲ့တယ်​လို့ ရပ်ကွက်အုပ်ရေးမှူးက ပြောပါတယ်​။ ချောက်မြို့ အမှတ် ​(၅) အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​တင့်က “​ရေလုပ်​သားဦး​အောင်​မြိုင်​က ပိုက်​ကွန်​ပစ်​ရင်​ မိလာတာ ​ရေလမ်း​ကြောင်းလွဲင်​လာတဲ့ပုံဘဲ မိစဉ်​အချိန်​ကလည်း မရုန်းဘူး။ ငြိမ်​လိုက်​လာတယ်​။ အဲဒါနဲ့ ​ရွှေရည်​​ငွေရည်​​လောင်း​ပြီး ပြန်​လွှတ်​ဖို့ စီစဉ်​လိုက်​တယ်​။ ထူးဆန်း တာ သုံးဘီးနဲ့တင်​ပြီး ​ရေဆိပ်​ကို ပြန်​လွှတ်​​တော့ သူက ​ခေါင်းပြန်​လှည့်​လာပြီး သုံးကြိမ်​ လွှတ်​​ပေးတဲ့ အဖွဲ့တွေကို ဦးခိုက်​သွားတယ်​” လို့ ပြောပါတယ်​။ အဆိုပါ ငါးကြီးကို မ​နေ့ည ၈ နာရီခွဲလောက်မှာ ဧရာဝတီမြစ်​အတွင်းသို့ ​အန္တရာယ် ​ကင်းရှင်းစွာ ပြန်လွှတ်​​ပေးနိုင်​ခဲ့ပါတယ်​။ သတင်း - ကိုလင်း(​ချောက်​)
A d v e r t i s e m e n t With Us
More News
Up