Home
မြန်မာသတင်း
လူကုန်ကူးခံရသည့်  မြန်မာနိုင်ငံသား ၂၀ ကျော် ထိုင်းပြန်လည်ထူထောင်ရေးစခန်း၌ ခိုလှုံနေ
ကိုမောင်
·
October 17, 2018
44112936_2254347647926927_3195307015110918144_n
လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ ပြန်လည်ထူထောင်ရေး စခန်းမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၆ ၇က်နေ့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီထဲက နိုင်ငံသားစိစစ်ပြီးသူ ၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆူရတ်ဌာနီပြန်လည် ထူထောင်ရေးစခန်းသို့ ရောက်ရှိနေသူအများစုဟာ  ထားဝယ်၊ ထီးခီး-ကန်ချနပူရီမှတဆင့် လည်းကောင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းမှ တဆင့်လည်းကောင်း၊ မြိတ်မှ ပကျွတ်သို့လည်းကောင်း ရောက်ရှိလာပြီး ပွဲစားတွေက မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ခေါ်ဆောင်လာရာက  ထိုင်းနိုင်ငံရှိ စစ်ဆေးစခန်းတွေမှာ ဖမ်းဆီးမိခဲ့တာပါ။ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူတွေကို လူကုန်ကူးခဲ့တဲ့ တရားခံနဲ့ တရားခံ ကွင်းဆက်တွေဖော်ထုတ်နိုင်ရေး နှစ်နိုင်ငံချစ်ကြည်ရေးအရ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးတို့အတွက် မြန်မာသံရုံးနဲ့  အလုပ်သမားသံအရာရှိရုံးတို့က အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။ အစိုးရကနှစ်နိုင်ငံ အလုပ်သမားတွေ တရားဝင်စေလွှတ်နေတဲ့အတွက် တရားဝင် လမ်းကြောင်းကသာသွားဖို့ အလုပ်သမားသံအရာရှိက  နိုင်ငံခြားကို အလုပ်သွားရောက် လုပ်ကိုင်မယ့်သူတွေကို တိုက်တွန်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024