Home
မြန်မာသတင်း
စတေကာကပ်သည့် တက္ကစီများကို လိုင်စင်သက်တမ်းတိုးမပေးဘဲ နယ်နှင်ဒဏ်ပေးနေ
အောင်သူ
·
October 17, 2018
စတေကာကပ်လို့ အဖမ်းခံရတဲ့တက္ကစီတွေဟာ ဒဏ်ကြေးပေးဆောင်ခဲ့ပေမယ့်လည်း လိုင်စင်ဝင်တဲ့အခါမှာ  သက်တမ်းတိုးမပေးဘဲ နယ်နှင်ဒဏ်ပေးခံနေရတယ်လို့ အငှားယာဉ်မောင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ နေရောင်ဒဏ်ခံ စတေကာတွေကပ်ထားတဲ့ အငှားယာဉ်တွေကို ဒီနှစ်ဖေဖေါ်ဝါရီလထဲမှာ မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဖမ်းဆီးခဲ့လို့ အဖမ်းခံရတဲ့သူတွေက သတ်မှတ် ဒဏ်ကြေးတွေ အသီးသီးပေးဆောင်ခဲ့ရပါတယ်။ ယာဉ်လိုင်စင်သက်တမ်းတိုးတဲ့အခါမှာ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ ငွေပေးသွင်းတာတွေ လုပ်ဆောင်ပြီးတဲ့အချိန်မှာတော့ အဲဒီပြစ်ချက်ကြောင့် မော်တော်ယာဉ် သက်သေခံကတ် ထုတ်မပေးလို့ နစ်နာမှုတွေရှိတဲ့ အကြောင်း ယာဉ်ပိုင်ရှင်တွေနဲ့ အငှားယာဉ်မောင်းတွေက တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။ အငှားယာဉ်မောင်း ဦးဇော်ဇော်ထွန်းက “အခုလို သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဆင့်ဆင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တွေကို အသနားခံစာတင်ပြခဲ့ပေမယ့် တစုံတရာ အကြောင်းပြန်ကြားတာတွေမရှိလို့ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့တာ”လို ပြောပါတယ်။ စတေကာကပ်လို့ မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဖမ်းဆီးခံခဲ့ရလို့ ဒဏ်ကြေးငွေပေးဆောင်ခဲ့ပြီးဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ညွှန်ကြားချက်ကြောင့် အခုလိုလိုင်စင်သက်တမ်းတိုးတဲ့အခါမှာ မော်တော်ယာဉ် သက်သေခံကတ်တွေ ထုတ်မပေးတာကို သိရှိခဲ့တာလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ အငှားယာဉ်ပိုင်ရှင် ဦးခင်ဦးက “အပူဒဏ်ကြောင့် ရာသီဥတုဒဏ်ခံနိုင်ဖို့ စတေကာ ကပ်တာဖြစ်ပြီး အခုလိုကပ်မိလို့ ဒီလောက်ထိအပြစ်ကြီးသလားဆိုတာလဲမသိဘူး”လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ စတေကာကပ်လို့ အဖမ်းခံထားရတဲ့ကားတွေကို သက်တမ်းတိုးတဲ့အခါမှာ မော်တော်ယာဉ်သက် သေခံကတ် ထုတ်မပေးတာတွေ၊ နယ်နှင်ဒဏ်ဘာကြောင့်ပေးတာလဲ ဆိုတာနဲ့ ဘယ်မူဝါဒ ဘယ်ဥပဒေအရ လုပ်ဆောင်နေသလဲဆို တာတွေကို ရှင်းရှင်းလင်းလင်းသိချင်တယ်လို့လဲ ကားသမားတွေက  ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024