တောဆင်ရိုင်းသတ် ဆင်မုဆိုးအဖွဲ့ ၉ ဦးကိုထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
October 17, 2018
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ အုပ်ချူပ်ရေးမှူး ပါဝင်ပတ်သက်တဲ့ တောဆင်ရိုင်းသတ် ဆင်မုဆိုးအဖွဲ့ ၉ ဦးကို တိုက်ကြီးမြို့နယ် တရားရုံးက အောက်တိုဘာ ၁၆ ရက်က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဥက္ကံမြို့၊ချောင်းစောက်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေနဲ့ အတူ မျောပါလာတဲ့ တောဆင်ရိုင်း ဦးခေါင်းပြတ်နဲ့ ခန္ဓာကိုယ်တို့ တွေ့ရှိစစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။
ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်တဲ့ ဆင်မုဆိုးအဖွဲ့ကို တောရိုင်းတိရိစ္ဆာန်နဲ့ အပင်များကာကွယ်ရေး ဥပဒေတွေနဲ့အတူ အုပ်ချုပ်ရေးမှူးကိုတော့ တူမီးသေနတ် ကိုင်ဆောင်မှုတွေနဲ့ပါ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုအမိန်ချမှတ်ခံရသူတွေထဲက အချို့ကိုတော့ နောက်ထပ် တောဆင်ရိုင်းသတ်မှု တမှုနဲ့ ဆက်လက် စစ်ဆေးသွာမယ်လို့လည်း သိရပါတယ်။
တိုက်ကြီးမြို့နယ်ထဲမှာ တောဆင်ရိုင်းသတ်မှုနဲ့ အလိုရှိနေတဲ့ ဆင်သတ်မုဆိုး တရားခံပြေး ၈ ယောက် ရှိနေပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်း ၁၀ ကောင်ကျော်အထိ အသတ်ခံခဲ့ရပါတယ်။
သတင်း - မေသွယ်