ဘင်္ဂလားဒေ့ရှ်ကိုပို့ဆောင်မည့် စိတ်ကြွမူးယစ်ဆေးပြား ၁သိန်းကျော်ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ပို့ဆောင်မယ့် စိတ်ကြွမူးယစ်ဆေးပြား ၁၁၀,၀၀၀ ကျော်ကို မြန်မာဘက်ခြမ်း နတ်မြစ် ဦးစောလှကျွန်း မြောက်ဘက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းနှင့်ပြန်​ကြား​ရေးက တရားဝင်​ထုတ်​ပြန်​ထားပါတယ်​။ အောက်တိုဘာ ၁၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံဘက်ခြမ်း ဦးစောလှကျွန်း မြောက်ဘက်အနီး၌ မသင်္ကာဖွယ် သစ်သားလက်ခတ်လှေ တစ်စီးတွေ့လို့ လိုက်လံဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးရာမှာ Y/R စာတမ်းပါစိတ်ကြွဆေးပြား ၁၁၇၀၀၀ နဲ့ အတူ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာနေ ရော်ရှီးတာမောက် အပါအဝင် အမျိုးသား ၃ ယောက်ကို ဖမ်းဆီးရမိ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။   အလားတူ အောက်တိုဘာ ၁၅ရက် ည​နေကလည်း မောင်နီ​အောက်​ရွာမှာ နေထိုင်တဲ့ ရာ​မောက်​တူလ္လာရဲ့ နေအိမ်ကနေ  ပန်းရောင်စိတ်ကြွဆေးပြား(၈၀)ပါတစ်ထုတ်​နဲ့ နီညို​ရောင်​စတ်ကြွ​ဆေးပြား(၄၉) ပြား စုစု​ပေါင်း(၁၂၉)ပြားကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ရာ​မောက်​တူလ္လာကို စစ်​​ဆေးချက်​အရ အဆိုပါ မူးယစ်ဆေးတွေဟာ မောင်နီရွာ​နေ အန်​နာမဟာ​ဆောင်း ထံမှဝယ်​ယူရရှိခဲ့​ ကြောင်း ထွက်​ဆိုချက်​အရ နေအိမ်မှာ သွား​ရောက်​ရှာ​ဖွေရာ ထွက်​​ပြေးတိမ်း ရှောင်​​နေ​လို့ ဖမ်းဆီးရမိ​ရေး​ဆောင်​ရွက်​​နေပြီး ရာ​မောက်​တူလ္လာကို မောင်​တာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထား​တယ်လို့ သိရပါတယ်။ ဗညား

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up