သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် တရုတ်အရာရှိ ၆ ထောင်ကျော်ကို ထိန်းသိမ်း

တရုတ်နိုင်ငံအတွင်း ပြည်နယ်အဆင့် ဒေသဆယ်ခုထဲမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် တာဝန်ရှိတဲ့ အရာရှိ ၆၂၁၉ ဦးကို ထိန်းသိမ်းထားပြီလို့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။ ဗဟိုအာဏာပိုင်တွေက မေလ ၃၀ ကနေ ဇူလိုင် ၇ ရက်အတွင်း စစ်ဆေးအပြီး ခုလို ကြေညာလိုက်တာပါ။ သဘာဝပတ်ဝန်းကျင်ကို စစ်ဆေးအပြီး လူအယောက် ၆၁၀ ကို ထိန်းသိမ်းခဲ့တယ်၊ အမေရိကန်ဒေါ်လာ ၁၀၂.၆ သန်း ဒဏ်တပ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဟော်ပေ၊ ဟီနန်၊ အတွင်းမွန်ဂိုလီးယား ပြည်နယ် နင်ရှာ၊ ဟေလောင်ကျန်း၊ ကျန်စု၊ ကျန်းရှီး၊ ကွမ်တုံ၊ ကွမ်းရှီးနဲ့ ယူနန်ပြည်နယ်တွေမှာ စစ်ဆေးခဲ့တာပါ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်မှု တိုးမြှင့်ဖို့ သတ်မှတ်ချက်တွေကို လုံလောက်အောင် အကောင်အထည်မဖော်မှု အပါအဝင် ပြဿနာတွေကို စစ်ဆေးသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးဌာနဟာ စုံစမ်းစစ်ဆေးမှု နောက်တကျော့ ထပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။ ဆယ်စုနှစ်ချီ ဖွံ့ဖြိုးတိုးတက်မှုအပြီး တရုတ်နိုင်ငံမှာ မီးခိုးမြူထူတွေ၊ ညစ်ညမ်းရေတွေနဲ့ အဆိပ်သင့်ေ့မြတွေ ကျန်ခဲ့လို့ ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် အရည်အသွေး ကျဆင်းမှုတွေကို တိုက်ဖျက်ရေး တရုတ်အစိုးရက လှုပ်ရှားနေပါတယ်။ ၃ နှစ်အတွင်း တရုတ်နိုင်ငံက အနိုင်တိုက်ရမယ့် ခက်ခဲတဲ့တိုက်ပွဲ ၃ ရပ်ထဲမှာ ညစ်ညမ်းမှု ဖြေရှင်းရေးလည်း တခုအပါအဝင် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up