မန္တလေးကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ်ရွေးချယ်
DVB
·
October 17, 2018
Mrs Summer International Mandalay အိမ်ထောင်ရှင်အလှမယ်ဆုကို အလင်္ကာမေက ရရှိသွားပါတယ်။
Mrs Summer International Mandalay မြို့ကိုယ်စားပြုအလှမယ်ရွေးချယ်ပွဲကို အောက်တိုဘာ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပပြီး သရဖူနဲ့ စလွယ်ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။
Mrs Summer International ခေါင်းစဉ်နဲ့ အိမ်ထောင်ရှင်အလှမယ် Grand final ပွဲကို လာမယ့် ဖေဖော်ဝါရီလ ပထမအပတ်မှာ မြန်မာပြည်ကိုယ်စားပြု Winner ဆုရှင်ကို ရွေးချယ်ပြီး အမေရိကန်ပြည်ထောင်စုကို စေလွှတ် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အတိုင်အတာအနေနဲ့ Mrs Summer International အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ဖို့ အတွက် မြို့ပေါင်း၂၀ မှာ ဆက်လက် ရွေးချယ်ရအုံးမှာဖြစ်ပါတယ်။