A d v e r t i s e m e n t With Us

ရေကျော်သီတင်းကျွတ်ပွဲဈေး ဆိုင်ခန်းခများ တိုးမြှင့်

ယမန်နှစ် ရေကျော်သီတင်းကျွတ်ပွဲဈေးမြင်ကွင်း။
သီတင်းကျွတ်ကာလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးမှာ ဆိုင်ခန်းခတွေကို အရင်နှစ်တွေကထက် ပိုမိုတိုးမြှင့်ထားတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက ရေကျော်ပွဲဈေး ဆယ်ပေပတ်လည်ဆိုင်ခန်းခ တခန်းကို ရှစ်သောင်းကျပ်သာ ကောက်ခံခဲ့ပေမယ့် ဒီနှစ်တော့ စတိတ်ရှိုးပွဲခတွေ အနည်းငယ်မြင့်တက်တာရယ် သန့်ရှင်းရေး ဆောင်ရွက်ခတွေကြောင့် နှစ်သောင်းလောက် ထပ်တိုးပြီး  ကျပ်တသိန်း သတ်မှတ်ထားတယ်လို့ ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပွဲဈေးလုံခြုံရေးအတွက်ကိုလည်း ရဲတပ်ဖွဲ့က အင်အားတိုးမြှင့် ချထားပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပွဲဈေးလုံခြုံရေး၊ သန့်ရှင်းရေးနဲ့ မီးဘေးအန္တရာယ်ကင်းဝေးဖို့ကအစ သေချာစီစဉ် ဆောင်ရွက်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ရေကျော်ပွဲဈေးကို သီတင်းကျွတ်လတိုင်းမှာ နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်ကနေ ၂၅ ရက်အထိ ငါးရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဈေးဆိုင်ခန်းငှားရမ်းသူတွေ အနေနဲ့ စည်းကမ်းချက်တွေ လိုက်နာခြင်း မရှိပါရင် နောက်နှစ်တွေမှာ ဆိုင်ခန်းနေရာ ချထားပေးသွားမှာ မဟုတ်ဘူးလို့ ပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up