Home
မြန်မာသတင်း
ပျက်ကျစစ်လေယာဉ်အပိုင်းအစ ထိမှန်သေဆုံးခဲ့သည့် ငါးတန်းကျောင်းသူလေးကို သင်္ဂြိုဟ်
နော်နိုရင်း
·
October 16, 2018
စစ်လေယာဉ်ပျက်ကျရာမှာ လေယာဉ် အပိုင်းအစ ထိမှန် သေဆုံးသွားတဲ့ မင်းဘူးမြို့က ငါးတန်းကျောင်းသူလေး မသွယ်ဇင်ငြိမ်း အသက်  (၁၂)နှစ်ကို ဒီနေ့ ညနေ ၄နာရီမှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မသွယ်ဇင်ငြိမ်းအတွက် တိုင်းအစိုးရက ကျပ် ၁၀ သိန်းထောက်ပံ့မှာ ဖြစ်သလို သေဆုံးသွားတဲ့ တပ်မတော်အရာရှိ လေယာဉ်မှူး နှစ်ယောက်ကို လည်း ထောက်ပံ့မယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သတင်း ထောက်တွေကို ပြောပါတယ်။ “အဲဒါကို ကျနော်တို့ ဒီက တိုင်ပင်ပြီးတော့ ၁၀ သိန်းထောက်ပံ့မယ်။ တပ်မတော်အရာရှိ နှစ်ယောက်ကိုလည်း ကိုယ်တတ်နိုင်သမျှ ကျပ် ၁၀ သိန်းစီပေါ့။ အဲဒါလေးထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်။ ” လေယာဉ်အပိုင်းအစတွေထိမှန် ပျက်ဆီးသွားတဲ့ နေအိမ်တွေကိုလည်း သက်ဆိုင်ရာက လျော်ကြေးပေးဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၆ရက်မနက်က မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်ဟာ အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းစဉ် မင်းဘူးမြို့၊ ဆားပွက်ချောင်းအနီး တာဝါတိုင်ကို တိုက်ပြီးပျက်ကျသွားခဲ့တာပါ။ ပျက်ကျတဲ့ တပ်မတော်လေယာဉ်အပိုင်းအစက မြေပြင်မှာ စာကျက်နေတဲ့ မင်းဘူးမြို့၊ အေးသာယာလမ်းနေ ဦးဖိုးဖြူရဲ့သမီး ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို ထိမှန် ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရခဲ့လို့ မင်းဘူးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုမှုခံယူစဉ် သေဆုံး သွားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024