Home
မြန်မာသတင်း
နေပြည်တော် သီးသန့်ထိပ်သီးဆွေးနွေးပွဲအပေါ် သဘောထားအမြင်များ
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 16, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အန်စီအေလက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ခေါင်းဆောင်တွေ အောက်တိုဘာ ၁၅ ရက်ကစပြီး  နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ဆွေးနွေးပွဲပထမနေ့အပြီး သတင်းမီဒီယာများရဲ့ မေးမြန်းမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက အခုလို ဖြေကြားခဲ့ကြပါတယ်။ ဆလိုင်းလျန်မှုန်းဆာခေါင် - ဒုတိယဥက္ကဌ (ချင်းအမျိုးသားတပ်ဦး CNF ) ဆွေးနွေးမှု အခြေအနေကတော့ ညနေပိုင်းအထိ ဆွေးနွေးမှုကတော့ အင်မတန်မှ ကောင်းပါတယ်။ မနက်ပိုင်းမှာတော့ ဖွင့်ပွဲ သဘောဖြစ်တယ်။ အန်စီအေ စာချုပ်ချုပ်ဆိုတဲ့ နှစ်ပတ်လည်နေ့လဲ ဖြစ်တယ်။ ညနေပိုင်း ပြန်ထိုင်တဲ့အခါကျတော့ တိုင်းရင်းသားနက်လက်ကိုင် အဖွဲ့အစည်းတွေ နည်းနည်း အားမလို အားမရဖြစ်မိတဲ့အကြောင်းတစ်ခုတော့ရှိတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတပ်ချုပ်ကြီး နှစ်ဦးစလုံးက ညနေပိုင်းအစည်းအဝေးမတက်ပါဘူး။ တပ်မတော် အရရှိကြီးသုံးဦးတော့ တက်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ပါတယ်။ ဆွေးနွေးဖို့ ၇ ခု လုပ်ထားတဲ့အထဲမှာ ၅ ခုကို အောင်မြင်စွာနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ သို့သော် အရေးကြီးကိစ္စဖြစ်တဲ့ ပြည်သူလူထု တစ်ရပ်လုံးက သိချင်နေတဲ့အချက်ပေါ့နော် တစ်စို့မှုအပိုင်းမှာ ပါနေတဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စနဲ့ ခွဲမထွက်ရေးကိစ္စ တစ်ခုတည်းသော တပ်မတော်ကိစ္စ အဲ့ဒီကိစ္စတွေ ကျနော်တို့ မဆွေးနွေး ရသေးဘူး။ တချို့တွေက ကျနော်တို့ ဆွေးနွေးပွဲကြီးဟာ သိပ်သိပ်ရလဒ်ကောင်း မထွက်ဘူးလို့ ထင်ကောင်းထင်မယ် ကျနော့်အမြင်မှာတော့ အင်မတန်မှ ရလဒ်ကောင်းတွေထွက်တယ်လို့ ပြောချင်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကိုလဲ အလေးအနက်တင်ပြချင်တာက ဒီနေ့ ဆွေးနွေးပွဲတွေဟာ ညီလာခံကို ၂၀၁၉ မှာ သုံးကြိမ်လုပ်မယ်ဆိုပြီး သံဓိဌာန်ချနိုင်ခဲ့တယ်။ ပြီးရင် ခြောက်ထောင့်ပုံစံနဲ့ လုပ်မယ်ဆိုတာလဲ သံဓိဌာန်ချနိုင်တယ်။ အခက်အခဲတွေကို ကျော်လွှားမယ့် နည်းလမ်း JICM ကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာလဲ ကျနော်တို့ လုပ်နိုင်တယ်။ နက်ဖြန်မှာလဲ တစ်စို့နေတဲ့ပြဿာနာတစ်ခုကို ဆက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် အခု ကျနော်တို့ရဲ့ ဆွေးနွေးချက်တွေဟာ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ဦးခွန်ဥက္ကာ - နာယက (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO ) အတိုင်းအတာ တစ်ခုအထိတော့ အားရမှုရှိပါတယ်။ ပုံရိပ်တော့ပေါ်ထွက်ပါတယ်။ ဆွေးနွေးချက်တွေကလည်း ကောင်းပါတယ်။ NCA ကို မကျော်ဖြတ်ပဲနဲ့တော့ သုံးပွင့်ဆိုင် သဘောမျိုးမြောက်ပိုင်းအတွက် လုပ်ပေးဖို့ဆိုတာတော့ အလားအလာမရှိပါဘူး။ ဒီနှစ်မှာ တစ်ကြိမ်၊ နောက်နှစ်မှာ ၂ ကြိမ် ပြည်ထောင်စုဖက်ဒရယ်အခြေခံမူတွေကို ရရှိအောင် လုပ်မယ်ဆိုတာ အားလုံးက သဘောတူပါတယ်။ လက်ရှိအခြေအနေထက် သိသာတိုးတက်မှု ကတော့ ဒီအချိန်ဇယားဆက်လက်ဆွေးနွေးသွားမှာကို သဘောတူတယ်ပေါ့။ ဖက်ဒရယ် အခြေခံမှုတွေရပြီးရင် ပြည်ထောင်စုစာချုပ်ချုပ်မယ်၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်သွားမယ့် လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ်။ ဒါတွေက အားလုံးတူပါတယ်။ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း တူပါတယ်။ ဒါကတော့ရလဒ် ကောင်းတွေပဲပေါ့။ ၂၀၁၉ မှာ ဖက်ဒရယ်မူတွေရအောင်လုပ်မယ်။ ကျနော်တို့ လည်းရအောင်လုပ်မယ်၊ ဒီဖက်ဒရယ်မှုတွေကို အကောင်အထည်ဖော်သွားမှသာလျှင် ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်က ပြည့်ဝလာမယ်။ ပဒိုစောကွယ်ထူးဝင်း - ဒုဥက္ကဋ္ဌ (ကရင်အမျိုးသားအစည်းအရုံး KNU) လိုအပ်တဲ့ကျနော်တို့ သဘောတူညီမှုရထားပြီးပါပြီ။ မနက်ဖြန်မှ ဆက်ပြီးဆွေးနွေးရမှာပါ။ သဘာတူညီမှုဆိုတာ ကျနော်တို့ ဒီဆွေးနွေးမယ့် အချက်တွေအပေါ်မှာ တချို့အချက်တွေပေါ့ ဟိုဥစ္စာပေါ့ ဒီ အသစ်တစ်ချက်ကတော့ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ အချိန် ဇယားနဲ့ အဲ့ဒီ့ ဆွေးနွေးမယ့် အချက်အလက်အပေါ်တွေမှာလဲ သဘောတူညီမှုရပါတယ်။ ဒုတိယအနေနဲ့ ကတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပိုမို လွယ်ကူရှင်းလင်းတဲ့နိုင်ငံရေးတွေ့ဆုံမှု မူဘောင်တွေ ကိစ္စကို သဘောတူပါတယ်။ နောက်တစ်ချက်က နိုင်ငံရေးဆွေးနွေးမှုမှာ ပိုမိုပြီးတော့ မြန်ဆန်ပြီးတော့ အခုလို ကျနော်တို့ လူတွေ ထိပ်သီးခေါင်းတွေ အလွတ်သဘော တွေ့တာထက် JICM မှာ ပိုမိုပြီးတော့ တာဝန်ပေးအပ်မှု ဆောင်ရွက်ပိုင်ခွင့်ပေးလိုက်ရင် ပိုမိုလွယ်ကူ လျှင်မြန်မယ်လို့ မြင်ပါတယ်။ ကျနော်တို့က ဆွေးနွေးပြီးတော့ အဖြေထွက်နိုင်တဲ့ လွယ်တဲ့ကိစ္စကို ဆွေးနွေးပြီးတော့မှ အခြားအချက်တွေ ဆွေးနွေးကြမှာပါ။ ဒေါ်စောမြရာဇာလင်း (ရခိုင်လွတ်မြောက်ရေးပါတီ ALP ) ပထမပိုင်းမှာတော့ နည်းနည်းတော့ ခက်ခက်ခဲခဲ ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့တာပေါ့၊ ဒါပေမယ့် နောက်ပိုင်း မှာတော့ ဆွေးနွေးတဲ့အခါမှာတော့ လိုတဲ့အချက်တွေ ရသွားတယ်လို့ ပြောချင်ပါတယ်။ ပြောချင်တာကတော့ လေဖိအားနည်းရပ်ဝန်းတွေဖြစ်နေရင် မုန်တိုင်းတွေ လာသလိုပဲ။ မုန်တိုင်းပြီး သွားရင် လေပြေလေညင်းတိုက်ခတ်လာတဲ့ပုံစံမျိုးလို့ ကျမပြောချင်ပါ တယ်။ ဒီနေ့ကတော့ အထူးသဖြင့်ဆိုရင် ၂၀၁၈ မှာ အခြေခံမှုတွေရှိဖို့အတွက် ပြည်ထောင်စု ညီလာခံ တစ်ကြိမ်ကျင်းပမယ်။ ပြီးရင် ၂၀၁၉ မှာ ညီလာခံ နှစ်ကြိမ်ကျင်းပမယ်ဆိုတဲ့ အဓိကအချက်ကိုလဲ ရသွားပါတယ်။ ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲအောင် ဘယ်လို ခိုင်မာအောင် လုပ်မလဲ ဆိုတဲ့ကိစ္စအပေါ်မှာလဲ ကျမတို့ ဆွေးနွေးသွားဖို့အတွက် ကြိုးစားနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့်ဆိုရင် အပစ်ခတ် ရပ်စဲဖို့ မပါဝင် လာသေးတဲ့ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့အတွက်ကိုလဲပဲ နှစ်ဦး နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အနေအထားတွေ ကြားသွားတာကတော့ ကျမတို့အတွက် ၀မ်းသာစရာစကားဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024