ယာဉ်ကြောဆိုင်ရာ အသေးစားစီမံကိန်း ဆူးလေမှတ်တိုင်တွင် စတင်
ပြည့်ဖြိုးကျော်
·
October 16, 2018
ရန်ကုန်မြို့လယ်၊ ဆူးလေမှတ်တိုင်မှာ စည်းကမ်းတကျ ဘတ်စ်ကားတွေ ရပ်တန့်နိုင်အောင်နဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်အောင်ရည်ရွယ်ပြီး ယာဉ်ကြောဆိုင်ရာ အသေးစား စီမံကိန်းတခုကို ဒီကနေ့ စတင်လိုက်ပါတယ်။
ဘတ်စ်ကားတွေဟာ လူအဆင်းနေရာမှာလူချပေးပြီးရင် ခရီးသည်တင်ရမယ့် သတ်မှတ်နေရာမှာသာ ခရီးသည်တင်ဆောင်ရမှာပါ။ အဲဒီလို ယာဉ်ကြောသတ်မှတ်ချက်နဲ့ မှတ်တိုင်တွေကိုလည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
ဆူးလေမှတ်တိုင်ဟာ ဘတ်စ်ယာဉ်လိုင်း ၅ လိုင်းကျော် ပြေးဆွဲရောက်ရှိတဲ့ မှတ်တိုင်ဖြစ်ပြီးတော့ နေ့စဉ်တစ်နာရီအတွင်း ဘတ်စ်ကားအစီးရေ ၁၀၀ ကျော် ရပ်တန့်တဲ့ မှတ်တိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုသတ်မှတ်ချက်နဲ့ ရပ်တန့်ရမယ့်မှတ်တိုင်တွေထပ်မံတိုးချဲ့ဖို့ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတွေက ပြောပါတယ်။