A d v e r t i s e m e n t With Us

ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ခရိုအေးရှားက ကိုရစ်ကို အနိုင်ယူ ဗိုလ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တစ်ပေးခြင်းခံထားရတဲ့ ကစားသမားတွေထဲမှာ ဂျိုကိုဗစ် ပါဝင်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်က ခရိုအေးရှားက ကိုရစ်ကို ပထမပွဲမှာ ၆-၃၊ ဒုတိယပွဲမှာ ၆-၄ နဲ့ အနိုင်ရတာပါ။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဂရန်းစလန်း ချန်ပီယံဆုဖလား ၁၄ ကြိမ် ရရှိထားပါတယ်။ ဂျိုကိုဗစ်အတွက်တော့ ရှန်ဟိုင်းမာစတာချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up