DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ဆောင်းပါး

အောက်တိုဘာ ထိပ်သီး

  • By DVB
  • 15 October 2018
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှာ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အခုနှစ် သြဂုတ်လ ၁၈ ရက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ၇ နှစ်တင်းတင်း ပြည့်ခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၈ ခုတို့ အန်စီအေလို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပြန်တာမို့ အခု အောက်တိုဘာ ၁၅ ရက်မှာ အန်စီအေ အပစ်ရပ်စာချုပ်သက်တမ်း ၃ နှစ်ပြည့်ပြန်တယ်။ အရင် ၂၀၁၆ နဲ့ ၂၀၁၇ တုန်းကတော့ အန်စီအေစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားတွေ လုပ်ခဲ့ပြီး များသောအားဖြင့်တော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က ခေါင်းဆောင်အသီးသီးက မိန့်ခွန်းတွေပြောပြီး ပြီးခဲ့တယ်။ ဒီနှစ် အောက်တိုဘာ ၁၅ ရက် အန်စီအေ ၃ နှစ်ပြည့်မှာတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုက ထိပ်သီးခေါင်းဆောင်တွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲဆိုတာ လုပ်ဖို့ သဘောတူခဲ့ကြတယ်။ သဘောတူခဲ့ကြတဲ့အတိုင်းပဲ နေပြည်တော်မှာ အောက်တိုဘာ ၁၃၊ ၁၄ ကစပြီး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ စတင်နေပြီး အန်စီအေ ၃ နှစ်ပြည့် အောက်တိုဘာ ၁၅ ရက်ကစလို့ ထိပ်သီးဆွေးနွေးပွဲ စတင်မယ်။

ဘာတွေဆွေးနွေးကြမလဲလို့ မေးရင် ဆွေးနွေးပွဲကာလ ၅ ရက်အတွင်း အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးကြဖို့ ပြင်ဆင်ထားတယ်။

၁။ လာမယ့် ပင်လုံညီလာခံ ကျင်းပမယ့်ရက်နဲ့ နေရာ အစီအစဉ်တကျဖြစ်ဖို့ ဆွေးနွေးမယ်။ (ဒီနှစ်ထဲ ပင်လုံညီလာခံ တကြိမ်လုပ်ဖို့ရှိပြီး နောင်နှစ်ထဲ ၂ ကြိမ်လုပ်ဖို့ ရှိတယ်။)

၂။ နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ ကိစ္စရပ်တွေ ကျော်လွှားနိုင်ဖို့ ဆွေးနွေးကြမယ်။ (ဒီထဲမှာ ပြည်ထာင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို ကိစ္စရပ်တွေ ပါတယ်။)

၃။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပြင်ဖို့ ဆွေးနွေးမယ်။ (လက်ရှိ နိုင်ငံရေးမူဘောင်က တင်းကျပ်လွန်းနေတယ်     ဆိုတာကို ဆွေးနွေးဘက်တွေအကြား သဘောတူထားကြပြီး ပြင်ဖို့လည်း မူကျပြီးဖြစ်တယ်။)

၎။ နိုင်ငံရေးအရ အရေးကြီးတဲ့ကိစ္စရပ်တွေကို ထိပ်သီးခေါင်းဆောင်တွေအကြား သဘောတူညီချက်တွေ ချမှတ်ပြီး ဆက်လက်ဆောင်ရွက်လို့ရမယ့်နည်းလမ်း ရှာကြမယ်။

၅။ ဆွေးနွေးညှိနှိုင်းလို့ ရတာတွေကို သဘောတူညီချက်ရတဲ့အထိ ဆုံးဖြတ်ချက်ချမယ်။ (ထိပ်သီးတွေကြား သဘောတူဆုံးဖြတ်နိုင်ရင် နောင်လာမယ့် ပင်လုံညီလာခံတွေမှာ အဆင်ပြေပြေ ခရီးဆက်နိုင်မယ်။)

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ ဘယ်တုန်းကစခဲ့သလဲ မေးရင် ဇူလိုင်လအတွင်း လုပ်ခဲ့တဲ့ တတိယပင်လုံညီလာခံ ပြီးကတည်းကပဲလို့ ပြောလို့ရတယ်။ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့ရဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ ဆက်တိုက်လုပ်ခဲ့ပေမယ့် သတင်းထုတ်ပြန်တာတော့ မရှိခဲ့ဘူး။ အလားတူ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ခုရဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေကိုလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ လေးကြိမ်ထက်မနည်း လုပ်ခဲ့ကြတယ်။ ဆွေးနွေးဘက်တွေအနေနဲ့ တတိယပင်လုံညီလာခံမှာ ဆွေးနွေးခဲ့ကြတာ အဆင်မပြေ ဖြစ်ခဲ့ကတည်းက နောင်လုပ်မယ့် ညီလာခံတွေမှာ အဆင်ပြေပြေ ဆွေးနွေးနိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို အလေးအနက်စဉ်းစားပြီး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် လုပ်ခဲ့ကြတာဖြစ်တယ်။ ပြောရရင် ပြီးခဲ့တဲ့ တတိယပင်လုံညီလာခံကာလ အတောအတွင်းမှာပဲ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ခဲ့ကတည်းက အခု အောက်တိုဘာ ၁၅ ထိပ်သီးအစည်းအဝေးလုပ်ဖို့ သဘောတူ ပြင်ဆင်ခဲ့ကြတာ ဖြစ်တယ်။

ဒီတကြိမ် အောက်တိုဘာ ၁၅ အလွတ်သဘော ထိပ်သီးအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်ဆွေးနွေးဖို့ လှိုက်လှိုက်လှဲလှဲ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ဆွေးနွေးဘက်တွေအကြား အားတက်သရောရှိနေတာ မြင်ရကြားရတယ်။ ထိပ်သီးဆွေးနွေးပွဲပုံစံက အစိုးရ၊ တပ်မတော်၊ လွှတ်တော်က ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က ကိုယ်စားလှယ် ၁၀ ဦးဖြစ်လို့ ဆွေးနွေးဘက်နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ရလဒ်ကောင်းများများရဖို့ စီစဉ်ပုံရတယ်။ ဒီပွဲက ရလဒ်ကောင်းများများရမှပဲ လူ ခုနှစ်ရာကနေ တထောင်လောက် ပါဝင်တက်ရောက်ဆွေးနွေးမယ့် နောင်လာမယ့် ပင်လုံညီလာခံတွေ အဆင်ပြေချောမွေ့နိုင်မယ်။ အကျိုးဆက်က အစိုးရဘက်က မျှော်မှန်းထားတဲ့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး အပြီးသတ်လုပ်ငန်းစဉ် ဖြစ်နိုင်မယ်။ လတ်တလော အနေအထားအရ ဦးသိန်းစိန်အစိုးရ စတင်ခဲ့တဲ့ အန်စီအေလမ်းအစမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ၁၆ ဖွဲ့ ဖြစ်ပေမယ့် လက်ရှိ အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့က ၁၀ ခုပဲဖြစ်တယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အပစ်ရပ်စာချုပ် အန်စီအေသက်တမ်း ၃ နှစ်အကြာမှာ အစိုးရနဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့ကျော် ရှိနေတုန်း အနေအထားဖြစ်ပြီး နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးက တငွေ့ငွေ့ တောက်လောင်တုန်း ဖြစ်တယ်။

ကိုရွှေအောင်

Tags: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အန်စီအေဆောင်းပါးဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေး

  • Previous story နီပေါတွင် မုန်တိုင်းကြောင့် တောင်တက်သမား ၅ ဦးနှင့် လမ်းပြ ၄ ဦး သေဆုံး
  • Next story ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှု စုံစမ်းရာတွင် အပြည့်အဝပူးပေါင်းရန် ဗြိတိန်ဆော်သြ
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.