DVB Logo
Home
မြန်မာသတင်း
ပြည်နယ်အစိုးရနှင့် ပအိုဝ်းအဖွဲ့ချုပ် တောင်ကြီးတွင် တွေ့ဆုံဆွေးနွေးမည်
DVB
·
August 20, 2012
ပြည်နယ်အစိုးရနှင့် ပအိုဝ်းအဖွဲ့ချုပ် တောင်ကြီးတွင် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (ပီအန်အယ်လ်အို)နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဒီ ၁ ပတ်အတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမယ်လို့ ပီအန်အယ်လ်အို ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_29473" align="alignleft" width="300" caption="ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပီအန်အယ်လ်အို)"][/caption]

ပြီးခဲ့တဲ့ဇူလိုင်လက ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မြန်မာနိုင်ငံတွင်း သွားရောက် လေ့လာခဲ့ပြီး အခု ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်တယ်လို့  ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ပြည်နယ်အစိုးရအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းအဆင့်ကို ဦးအောင်မင်းက ဖိတ်ခေါ်ထားတော့ ဒီအပတ်အတွင်းမှာတော့ ကိုယ်စားလှယ်တဖွဲ့ ထပ်စေလွှတ်ဖို့ရှိတယ်။ အရင္တေ သြားတဲ့အဖြဲ့က အလုပ္မျပီးလို့ တခါ ထပ္သြားတဲ့သေဘာပါ။ အသစ္မဟုတ္ဘူး။ အရင်တပတ်က လေ့လာရေးသွားတုန်းက အဆင်ပြေရင်လည်း ဆွေးနွေးခဲ့ပါ ပြောတော့၊ အဲတုန်းက အချိန်တွေမရဘူး၊ လူကြီးတွေ မအားတော့။ ဒီတပတ်ကတော့ လေ့လာရေးလည်း မရှိတော့ဘူး။ အစည်းအဝေးလည်း မရှိတော့ဘူး။ ရောက်လာတဲ့ ပြည်နယ်အစိုးရနဲ့ တူညီတဲ့ အချက်အလက်တွေကို တူညီတဲ့အလျောက် လက်မှတ်ထိုးဖို့ပဲ ဖြစ်သွားတယ်။”

ဒီတွေ့ဆုံပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက ခေါင်းဆောင်သွားမှာဖြစ်ပြီး ဗဟိုကော်မတီအပါအ၀င် ရုံးအဖွဲ့ဝင် အားလုံး ၁၀ ဦးလိုက်ပါသွားဖို့ ရှိပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က ဦးအောင်မင်း အပါအ၀င် ပြည်နယ် အစိုးရခေါင်းဆောင်တွေနဲ့ ပြည်နယ်အဆင့် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက် နေ့က တကြိမ်၊ အခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က တကြိမ်၊ နှစ်ကြိမ် အလွတ်သဘော တွေ့ဆုံပြီး ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုတွေအတွင်း ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်ဘက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ရက်ပေါင်း ၆၀ အတွင်း တိုင်းရင်းသားအင်းအားစုနဲ့ ပြည်ထောင်စုအစိုးရ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့၊ အဲဒီကနေတဆင့် နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အပါအ၀င် အချက် ၁၁ ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013