နည်းပြမော်ရင်ဟိုနှင့် အလုပ်အတူတူပြန်လုပ်ချင်ကြောင်း ဟာဇက် ပြော

2.5K
ချဲလ်ဆီး တိုက်စစ်မှူး အီဒင်ဟာဇက်က နည်းပြမော်ရင်ဟိုနဲ့ အလုပ်အတူတူ ပြန်လုပ်ခြင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
တိုက်စစ်မှူး ဟာဇက်ဟာ ချဲလ်ဆီးကို ၂ဝ၁၂ မှာ ရောက်ရှိလာပြီး နည်းပြမော်ရင်ဟို လက်ထက် ၂ဝ၁၅ မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
တကယ်လို့ ဘယ်နည်းပြနဲ့အတူတူ အလုပ်လုပ်ခြင်လဲလို့ မေးခဲ့ရင် မော်ရင်ဟိုလို့ ဖြေရလိမ့်မယ်လို့ တိုက်စစ်မှူး ဟာဇက်က ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ နည်းပြ မော်ရင်ဟို လက်အောက်မှာ ၂ နှစ်ကျော် ကစားခဲ့ဖူးပါတယ်။
နည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ အောက်တိုဘာ ၂ဝ ရက်နေ့မှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ဆုံရမှာ ဖြစ်ပါတယ်။