မိုနာကိုအသင်း နည်းပြအဖြစ် အွန်နရီကို ခန့်အပ်

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းက လစ်လပ်နေတဲ့ နည်းပြ ရာထူးနေရာမှာ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်န်နရီကို ခန့်အပ်လိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟောင်းကို လာမယ့် ၂ဝ၂၁ ဇွန်လ မတိုင်မီအထိ စာချုပ်ချုပ်ဆိုလိုက်တာပါ။ ပြင်စ်နဲ့ အာဆင်နယ် ကစားသမား အွန်နရီဟာ ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက် နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့နည်းပြဘဝကိုတော့ မိုနာကိုအသင်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ မိုနာကိုအသင်းက ရလဒ်တွေ မကောင်းလို့ နည်းပြ ဂျာဒင်ကို ထုတ်ပယ်ပြီး အစားထိုးခန့်လိုက်တာ ဖြစ်ပါတယ်။ နည်းပြ အွန်နရီဟာ ကစားသမားဘဝကို မိုနာကိုမှာ စတင်ခဲ့ပြီး ၁၉၉၇ မှာ အသင်းကို အမှတ်ပေး ချန်ပီယံဖြစ်အောင် ကူညီခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up