Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေး ရရှိရေး စက်ရုံ ၇ ခုမှ အလုပ်သမားရာချီ ဆန္ဒပြ
အာကာ
·
October 14, 2018
44032306_2384822998199646_523693140587053056_o
43952060_2384823004866312_9055022706264637440_o
43828790_2384822784866334_2682473205410562048_o
အလုပ်သမားအခွင့်အရေး တောင်းဆိုချက်တွေ ရရှိရေး မြို့ နယ် ၄ မြို့နယ်၊ စက်ရုံ ၇ ခုက ရာနဲ့ချီတဲ့ အလုပ်သမားတွေ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေက အလုပ်သမားတွေ အောက်တိုဘာ ၁၄ ရက်နေ့ က ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်တဲ့ စက်ရုံတွေမှာ လက်ရှိဆန္ဒပြတောင်းဆိုနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံပါဝင်ပြီး ကျန်စက်ရုံတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေကို အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းနေကြတဲ့ စက်ရုံတွေဖြစ်ပါတယ်။ အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံနေရမှုကို အစိုးရက ဖြေရှင်းပေးရေး၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ရရှိရေး၊ အလုပ်သမားပြဿနာများအား ချက်ချင်းဖြေရှင်းပေးရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းပေးရေး၊ သမဂ္ဂ ဖြိုခွင်းတဲ့အလုပ်ရှင်အား အရေးယူပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုချက်နဲ့  ပြုလုပ်ခဲ့ကြတာပါ။ ဖုယွင်အလုပ်သမားသမဂ္ဂ မသက်ထားဆွေက “ဒီဆန္ဒပြပွဲက ဖုယွင်တခုတည်းအတွက်မဟုတ်ပါဘူး။ တနိုင်ငံလုံးက ဖိနှိပ်ခံ အလုပ်သမားတွေ အားလုံးအတွက် ရည်ရွယ်ပြုလုပ်တာပါ” လို့  ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024