ရန်ကုန်မြို့ ၁၉ လမ်းမီးလောင်မှုကြောင့် ၇ နှစ်အရွယ် ကလေးတဦး သေဆုံး
DVB
·
October 14, 2018
မနေ့က ရန်ကုန်၊ လသာမြို့နယ်မှာ တိုက်ခန်းတခု မီးလောင်ခဲ့ပြီး အသက် ၇ နှစ် အရွယ် ကလေးတယောက် သေဆုံးသွားပါတယ်။
အောက်တိုဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီကျော်က လသာမြို့နယ်၊ ၁၉ လမ်းမှာ တိုက်ခန်းတခု မီးပလပ်ခုံ အပူလွန်ကဲရာက မီးစတင်လောင်ကျွမ်းခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခန်းမှာ ကလေးတွေနဲ့အတူ အဘိုးဖြစ်သူတို့ နေထိုင်ကြပြီး အဘိုးအပြင်ထွက်နေတုန်း မီးလောင်ခဲ့တာပါ။
ကလေးတွေရဲ့ မိခင်ဆေးရုံတက်နေရလို့ ဖခင်က လူနာစောင့်နေရတာကြောင့် အိမ်မှာ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ညနေ ၃ နာရီအချိန်မှာ မီးငြိမ်းသွားခဲ့ပြီး ဖခင်ဖြစ်သူကို ပေါ့လျော့မှုကြောင့် လူသေစေမှု/ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ နဲ့ လသာမြို့မ ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - Myanmar Fire Services Department