Home
မြန်မာသတင်း
ရန်ကုန်မြို့ ၁၉ လမ်းမီးလောင်မှုကြောင့် ၇ နှစ်အရွယ် ကလေးတဦး သေဆုံး
DVB
·
October 14, 2018
မနေ့က ရန်ကုန်၊ လသာမြို့နယ်မှာ တိုက်ခန်းတခု မီးလောင်ခဲ့ပြီး အသက် ၇ နှစ် အရွယ် ကလေးတယောက် သေဆုံးသွားပါတယ်။ အောက်တိုဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီကျော်က လသာမြို့နယ်၊ ၁၉ လမ်းမှာ တိုက်ခန်းတခု မီးပလပ်ခုံ အပူလွန်ကဲရာက မီးစတင်လောင်ကျွမ်းခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခန်းမှာ ကလေးတွေနဲ့အတူ အဘိုးဖြစ်သူတို့ နေထိုင်ကြပြီး အဘိုးအပြင်ထွက်နေတုန်း မီးလောင်ခဲ့တာပါ။ ကလေးတွေရဲ့ မိခင်ဆေးရုံတက်နေရလို့ ဖခင်က လူနာစောင့်နေရတာကြောင့် အိမ်မှာ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ ညနေ ၃ နာရီအချိန်မှာ မီးငြိမ်းသွားခဲ့ပြီး ဖခင်ဖြစ်သူကို ပေါ့လျော့မှုကြောင့် လူသေစေမှု/ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ နဲ့ လသာမြို့မ ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024