၁ မိနစ်အတွင်း သစ်ကြားစေ့ ၂၄၃ စေ့ကို ခေါင်းဖြင့်ခွဲပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သူ

ပါကစ္စတန်နိုင်ငံက ကိုယ်ခံပညာရှင်တဦးဟာ ၁ မိနစ်အတွင်း သစ်ကြားစေ့အများဆုံးကို ခေါင်းနဲ့ခွဲ ပြနိုင်သူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ စံချိန်သစ်တင်နိုင်ခဲ့သူက ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် မိုဟာမက် ရာရှစ်နာဆင်းဆိုသူ ဖြစ်ပါတယ်။ နာဆင်းဟာ ၁ မိနစ်အတွင်းမှာ သူ့ခေါင်းနဲ့ သစ်ကြားစေ့ပေါင်း ၂၄၃ စေ့ ကို အောင်မြင်စွာခွဲပြနိုင်ခဲ့တာပါ။ ဒါဟာ အရင်စံချိန်ဟောင်းထက် သစ်ကြားစေ့အရေအတွက် ပိုမိုများပြားနိုင်ပြီး နာဆင်းဟာလည်း စံချိန်သစ်တင်နိုင်သူအဖြစ် မှတ်တမ်းရရှိခဲ့ပါတယ်။ နာဆင်းက သူ့ရဲ့ကြိုးပမ်းမှုကို ဗွီဒီယို ရိုက်ကူး မှတ်တမ်းတင်ကာ သူ့ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ကို ကမ္ဘာ့ဂင်းနစ်အဖွဲ့က အတည်ပြု မှတ်တမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ်။ နာဆင်းမတိုင်ခင် ၁ မိနစ်အတွင်း ဦးခေါင်းနဲ့ သစ်ကြားစေ့အများဆုံး ခွဲပြနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သူက အိန္ဒိယနိုင်ငံသား အက်စ်နာဗင်ကူးမားဆိုသူဖြစ်ပြီး သူဟာ ဒီစံချိန်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက တင်ခဲ့တာဖြစ်ပါတယ်။ စံချိန်ဟောင်းမှာ ကူးမားက သစ်ကြားစေ့ပေါင်း ၂၁၇ စေ့ကို ၁ မိနစ်အတွင်း ခေါင်းနဲ့ ခွဲပြနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up