A d v e r t i s e m e n t With Us

နေရပ်စွန့်ခွာသူ ဘင်္ဂါလီမိသားစုအချို့ ပြန်လည်ဝင်ရောက်

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူ ဘင်္ဂါလီမိသားစုအချို့ ပြန်လည်ဝင်ရောက်လာတယ်လို့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကနေ သိရပါတယ်။ တောင်ပြိုလက်ဝဲမြို့၊ ပြန်လည်လက်ခံရေးစခန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူ ဘဂါင်္လီ မိသားစု ၅ ယောက် အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က ပြန်လည် ဝင်ရောက်လာခဲ့သလို အောက်တိုဘာလ ၉ ရက်နေ့ကလည်း တောင်ပြိုလက်ခံရေးစခန်းကို ဝင်ရောက်လာသူ ၁ ယောက်ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ပြီး ၉ လကြာတဲ့အထိ မြန်မာဘက်ကို အောက်တိုဘာလ ၁၂ ရက်နေ့အထိ တရားဝင် ဝင်ရောက်လာသူ ၁၇ ယောက် ရှိတယ်လို့ သိရပါတယ်။ ဇွန် ၂၄ ရက်တုန်းက ၅ ယောက်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ၆ ယောက်၊ အောက်တိုဘာလ ၉  ရက်နေ့မှာ ၁ ယောက်၊ အောက်တိုဘာ ၁၀ ရက်မှာ ၅ ယောက် ပြန်လည်ဝင်ရာက်လာတယ်လို့ ပြန်လည်လက်ခံရေးစခန်းကနေ သိရပါတယ်။ ပထမအသုတ်အဖြစ် ရိုဟင်ဂျာ ၆၀၀၀ ကို ပြန်ပို့မှာ ဖြစ်ပြီး သူတို့နာမည်တွေနဲ့ သူတို့နေထိုင်ရာရွာတွေ ကိုက်ညီမှု ရှိမရှိ မြန်မာအစိုးရကို မေးထားကြောင်း တနင်္ဂနွေနေ့က Dhaka မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Mahmood Ali က နိုင်ငံခြားသတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် မြန်မာ- ဘင်္ဂလာဒေ့ရှ် ၂ နိုင်ငံပူးတွဲ အလုပ်အဖွဲ့ ဆွေးနွေးပွဲကိုလည်း အောက်တိုဘာ ၂၈ ရက်နေ့ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂခန့်မှန်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up