အင်္ဂလန်နှင့် ခရိုအေးရှား ဂိုးမရှိ သရေကျ(ရုပ်သံ)

during the UEFA Nations League A Group Four match between Croatia and England at Stadion HNK Rijeka on October 12, 2018 in Rijeka, Croatia. The match is due to be played behind closed doors.
မနေ့က ယှဉ်ပြိုင်သွားတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံပေါင်းချုပ်ပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်မှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒီပွဲမှာ သရေကျလို့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်မဆပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဒီပွဲမှာ အနိုင်ရသင့်တယ်လို့ ပြောပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ခြေစွမ်း သိပ်မကွာလို့ အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ခရိုအေးရှားက ဂိုးပေါက် ကန်သွင်းချက် ပိုရခဲ့ပါတယ်။ ဒီပွဲသရေကျလို့ အုပ်စု (D) မှာ အင်္ဂလန် ၁ မှတ်နဲ့ အဆင့် ၂၊ ခရိုအေးရှားကလည်း ၁ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up