A d v e r t i s e m e n t With Us

ဂျာမနီတွင် ကမ္ဘာလှည့်ခရီးသည်တင်ယာဉ်နှင့် ထရပ်ကား တိုက်မိ

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဘာတန်ရွတ်တမ်ဘာ့ဂ်ပြည်နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင် ကားတ ၁ စီးနဲ့ ထရပ်ကား ၁ စီးတို့ တိုက်မိတာကြောင့် လူ ၉ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ခရီးသည်တင်ကားပေါ်မှာ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည် ၃၀ ကျော် လိုက်ပါလာတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ဆိုပါတယ်။ ကားတိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေး ရဟတ်ယာဉ် ၅ စီးနဲ့ လူနာတင်ယာဉ် ၇ စီး အမြန်ရောက်လာပြီး ဒဏ်ရာရသူတွေကို ပြုစုကုသပေးခဲ့ပါတယ်။ ဒေသရုပ်သံမီဒီယာ SWR ကတော့ ကား၂ စီးက ယာဉ်မောင်းတွေ အပါအ၀င်  စုစုပေါင်းလူ ၃၅ ဦး ဒဏ်ရာရပြီး ၄ ဦး စိုးရိမ်ရတယ်လို့ သတင်းဖော်ပြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တင်ကားဟာ အဝေးပြေးကားလမ်းမပေါ်အတက် ထရပ်ကား လမ်းကြောရှိရာကို လမ်းကြောင်းပြောင်းခဲ့ပုံရတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up