ဝေလာတောင်ကျေးရွာ လုံခြုံရေးတိုးမြှင့်ပေးရန် အုပ်ချုပ်ရေးမှူးပြော
DVB
·
October 12, 2018
ရခိုင်ပြည်နယ် မောင်တောမြို့ ဝေလာတောင်ကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား အသတ်ခံရပြီးတဲ့နောက် ဒေသတွင်း လုံခြုံရေးအင်အားတိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မောင်လှမြင့်အောင်ဟာ ခမောင်းဆိပ်ကျေးရွာကနေ ဈေးဝယ်ပြီး ဝေလာတောင်ကျေးရွာကို ပြန်လာတဲ့အချိန် လမ်းခုလတ်မှာ အသတ်ခံခဲ့ရပါတယ်။
ဒေသခံတွေကတော့ အကြမ်းဖက်သမားတွေ သတ်သွားတာလို့ ယူဆကာ စိုးရိမ်နေကြတာကြောင့် ဒေသတွင်း လုံခြုံရေးတိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ခမောင်ဆိပ်မြို့နဲ့ ဝေလာတောင်ကျေးရွာအုပ်စုဟာ ၆ မိုင်လောက်ဝေးပြီး ဝေလာတောင်ကျေးရွာမှာ အရင်က အိမ်ခြေ ၅၀ ကျော်ရှိပေမယ့် အခု အိမ်ခြေ ၂၅ လုံးပဲ ရှိပါတော့တယ်။