Home
မြန်မာသတင်း
လောင်းလုံရေနံချက်စက်ရုံကြောင့် အိမ်ခြေ ၁ ထောင်ကျော် ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်
နေသွင်
·
August 18, 2012
တနင်္သာရီတိုင်း လောင်းလုံမြို့ထဲမှာ ရေနံချက်စက်ရုံတရုံ တည်ဆောက်မယ့် စီမံကိန်းကြောင့် အနီးအနားက အိမ်ခြေ ၁၀၀၀ ကျော် ပြောင်းရွှွှွှေ့ရဖွယ်ရှိတယ်လို့ အဲဒီစက်ရုံနဲ့ အကျိုး သက်ရောက်မှုတွေ အကြောင်း အချက်အလက် စုဆောင်းတဲ့အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ရေနံချက်စက်ရုံကို တရုတ်ကုမ္ပဏီတခုက လာတည်ဆောက်မှာဖြစ်ပြီး လျာထားတဲ့ မြေဧရိယာတွေ ထဲမှာ ဥယျာဉ်ခြံတွေနဲ့ ရွာ ၄ ရွာက လူနေအိမ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အခုလောလောဆယ် စီမံကိန်းနေရာမှာ မြေစမ်းသပ်တာတွေ လုပ်နေပေမယ့် ဒေသခံတွေကို ရှင်းရှင်းလင်းလင်း ပြောပြထားတာမျိုး မရှိသေးတဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ မကြာခင်က ဖွဲ့ထားတဲ့ လောင်းလုံလေ့လာရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။ “ကမ်းခြေက သူတို့ resort လုပ်မှာဗျ။ နောက်တနေရာက ရေနက်ချက် စက်ရုံ ဆောက်မှာ ဗျ။ မြေကြီးယူပြီး ဓာတ်ခွဲတာတို့ဘာတို့ လုပ်တယ်ဗျ။ ကျနော်တို့က နောက်ကွယ်ကနေ စုံစမ်းရတာ။ သူတို့ ဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူးဗျ။” စက်ရုံစီမံကိန်းကြောင့် လောင်းလုံမြို့ထဲမှာပါတဲ့ ညင်းမော်၊ ညင်းဘုတ်၊ တီစစ်၊ ဂျပန်တော်လှန်ရေး ကာလက နာမည်ကြီးတဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ မွေးရပ် လေးသွန်းခံရွာတို့ ပြောင်းရွှေ့ရဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံကို တရုတ်ကုမ္ပဏီတခုက တည်ဆောက်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေကို သန့်စင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့တော့ လောလောဆယ်မှာ ဒီဗွီဘီက သီးခြား အတည်မပြုနိုင် ပါဘူး။ ဇွန် ၁၄ ရက်နေ့ မဇျွှိမ သတင်း ၁ ပုဒ်မှာတော့ တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမယ့် ဒီစီမံကိန်းအတွက် ဇွန်လကုန်ပိုင်းက  မြေယာတိုင်းတာမှု ပြုလုပ်ခဲ့ပြီး စက်ရုံ တည်ဆောက်မည့် ကျေးရွာတွေ ရွှေ့ပြောင်းရေးနဲ့ လျော်ကြေး ကိစ္စတွေကို ဒေသခံတွေ နဲ့ ဆွေးနွေးသွားတဲ့ အကြောင်း ဖော်ပြထားပါတယ်။ တနှစ်မှာ ရေနံစိမ်း တန်ချိန် ၅ သန်း ချက်နိုင်မယ့် ဒီစက်ရုံစီမံကိန်းမှာ တရုတ် ၇၀ ရာခိုင်နှုန်း၊ ဦးပိုင် ၂၀ ရာခိုင်နှုန်းနှင့် ထူးကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ကလည်း ဒေသခံတွေကို ကိုကားပြီး မဇျွှိမသတင်းက ဆိုပါတယ်။ တနင်္သာရီတိုင်းထဲမှာ ဒီရေနံချက်စက်ရုံအပြင်၊ ကျောက်မီးသွေးစက်ရုံတွေ၊ ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတို့လည်း တပြိုင်တည်း အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024