အစ္စရေးအားတိုက်ခိုက်ရန် ဟားမက်စ်အဖွဲ့ တူးထားသည့် ဥမင်လှိုဏ်ခေါင်းကို ဖျက်ဆီး

အစ္စရေးနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်ဖို့ ဟားမက်စ်အဖွဲ့တွေ ဂါဇာဘက်က တူးထားတဲ့ ဥမင်လှိုဏ်ခေါင်းကို အစ္စရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၁ ရက် နေ့က ဖျက်ဆီးပစ်လိုက်ပြီလို့ အစ္စရေး စစ်ဘက်နဲ့ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဂါဇာကမ်းမြောင် အလယ်ပိုင်းကနေ အစ္စရေးဘက်ကို ထိုးဖောက်တိုက်ခိုက်ဖို့ တူးထားတဲ့ လိုဏ်ခေါင်းကို ပြီးခဲ့တဲ့ နာရီပိုင်းက ဖျက်ဆီးပစ်လိုက်ပြီလို့ စစ်တပ်ကြေညာချက်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အစ္စရေးနဲ့ စစ်ပွဲ ၃ ကြိမ် ဖြစ်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ကတော့ ဒီကိစ္စအပေါ် ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ အစ္စရေးနယ်နိမိတ်ထဲကို မီတာ ၂၀၀ လောက် ရောက်ရှိနေတာလို့ အစ္စရေးစစ်တပ် ဒုဗိုလ်ချုပ်ကြီး ဂျိုနသန် ကွန်ရီကပ်စ်က သတင်းထောက်တွေကို ပြောပါတယ်။ ပါလက်စတိုင်း သေနတ်သမားတွေဟာ ၂၀၁၄ ဂါဇာစစ်ပွဲအတွင်းက ဒီလိုဥမင်လှိုဏ်ခေါင်းတွေကို သုံးပြီး အစ္စရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးဘက်ကလည်း စုံစမ်းထောက်လှမ်းရေးနည်းပညာတွေကို အဆင့်မြှင့်တင်ပြီးတော့ ၂၀၁၉  ခုနှစ်မှာ ဂါဇာဘက်က လှိုဏ်ခေါင်းကနေ ဝင်ရောက်တိုက်ခိုက်မယ့်အရေး ခြိမ်းခြောက်ခံရမှုတွေ အဆုံးသတ်သွားတော့မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up