A d v e r t i s e m e n t With Us

မိုနာကိုအသင်းနည်းပြ ထုတ်ပယ်ခံရ၊ နည်းပြသစ်အဖြစ် အွန်နရီ ရေပန်းစားနေ

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းက နည်းပြ လီယိုနာဒို ဂျာဒင်ကို ထုတ်ပယ်လိုက်ပါတယ်။ မိုနာကို အသင်းရဲ့ရလဒ်တွေ ဆိုးဝါးနေပြီး အမှတ်ပေးလိဂ်မှာ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ နေရာမှာ ရောက်နေတဲ့အတွက် ပေါ်တူဂီသား နည်းပြ ဂျာဒင် အထုတ်ခံရတာ ဖြစ်ပါတယ်။ နည်းပြ ဂျာဒင်ဟာ ၂၀၁၄ မှာ မိုနာကို နည်းပြအဖြစ် ခန့်အပ်ခံရပြီး အမှတ်ပေးချန်ပီယံဆုကို ၂၀၁၇ မှာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆၊ ၂၀၁၇ ချန်ပီယံလိဂ်မှာ အသင်းကို ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မိုနာကို နည်းပြသစ်အဖြစ် ပြင်သစ်နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ အသက် ၄၁ နှစ်အရွယ် အွန်နရီဟာ ကစားသမားဘ၀ကို မိုနာကိုအသင်းမှာ စတင်ခဲ့သူပါ။ ၁၉၉၇ မှာ မိုနာကိုအသင်းကို အမှတ်ပေးချန်ပီယံဖြစ်အောင် ကူညီခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up