Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
October 11, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ လ ကမ္ဘာကို ပထမဆုံးခြေချနိုင်ခဲ့သူ Neil Armstrong အကြောင်း ရိုက်ကူးထားတဲ့ First Man ! Biographical Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Damien Chazelle က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။ “ဒါဟာလူတယောက်အတွက် သာမန်ခြေလှမ်းတစ်လှမ်းဖြစ်ပေမယ့် လူသားမျိုး နွယ်တွေအတွက်ကတော့ ခုန်လွှားတိုးတက်မှုကြီးတခု ဖြစ်ပါတယ်”တဲ့။ ဒါကတော့ လူ သားတွေရဲ့ ရာဇဝင်မှာ သမိုင်းတွင်ခဲ့တဲ့ စကားတခွန်းပါ။ ဒီစကားကို ပြောခဲ့တဲ့သူက အ မေရိကန် အာကာသယာဉ်မှူး Neil Armstrong ဖြစ်ပြီး ကမ္ဘာမြေပေါ်က ကြည့်ရှုသူ သန်းတထောင်ကို လကမ္ဘာပေါ်ကတဆင့် ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ အမေရိကန်တွေအနေနဲ့ လပေါ်ကို အာကာသယာဉ်မှူးတွေ စေလွှတ်မယ့် အစီအ စဉ်ကို သမ္မတ ဂျွန်အက်ဖ်ကနေဒီ လက်ထက်မှာစတင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဆိုဗီ ယက်ပြည်ထောင်စုကလည်း စစ်အေးတိုက်ပွဲမှာ အမေရိကန်တွေကို ပခုံးချင်း ယှဉ်နိုင်ဖို့ အာကာသထဲကိုစေလွှတ်မယ့်အစီအစဉ်တွေကို အလေး ထားလုပ်ဆောင်နေခဲ့ချိန် ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် အာကာသသိပ္ပံ NASA ဟာ Apollo Mission နဲ့ လ ကမ္ဘာကို ပထမဆုံးခြေချအောင်မြင်မှုမရခင်မှာ ဒုံးပျံမီးစွဲလောင်ပြီး အာကာသ ယာဉ်မှူး တွေ အသက်ပေးခဲ့ရတဲ့ ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ၁၉၆၉ ခုနှစ်မှာတော့ အာကာသယာဉ်မှူး Neil Armstrong ခေါင်းဆောင်တဲ့ Apollo 11 အာ ကာသယာဉ်ကို စေလွှတ်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာပါ။ အဲဒီနေ့ကတော့ သမိုင်းမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ၁၉၆၉ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့။ ဒီကားထဲမှာတော့ သမိုင်းမှာ တ ကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အခြေအနေတွေနဲ့ Neil Armstrong ရဲ့ ဘဝဇာတ် ကြောင်းကို ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဒီကားထဲမှာ အာကာသယာဉ်မှူး Neil Armstrong အဖြစ် ကနေဒီယန်မင်းသား Ryan Gosling။ သူ့ရဲ့ ပထမဆုံးဇနီး Janet Shearon အဖြစ် English မင်းသမီး Claire Foy တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး တခြားဟောလိဝုဒ်သရုပ် ဆောင်တွေလည်း အများကြီးပါဝင်ထားကြတာ ဖြစ်ပါတယ်။ First Man ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Venice Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ နောက်ခံမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၅၉ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကို Box Office မှာတော့ ရုံတင်မယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၂ဝ နဲ့ ၂၃ သန်းကြား ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၄၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Halloween Season အမီ ရုံတင်ပြသတော့မယ့် ဇာတ်ကားတကားဖြစ်တဲ့ Goosebumps 2:Haunted Halloween ! Adventure Comedy Horror ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီ ကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Sony Pictures က တင်ဆက်လိုက် တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ari Sandel က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ အုပ်ရေ သန်း ၄ဝဝ ကျော် ရောင်းချခဲ့ရတဲ့ အမေရိကန် စာရေးဆရာ R.L. Stine ရဲ့ Children’s Book Series တွေကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Goosebumps ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအဖြစ် ထပ်ပြီး ထွက်ရှိလာခဲ့တာပါ။ မြို့ငယ်လေးတမြို့ရဲ့ Halloween ညတညကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီကားထဲမှာ Sonny နဲ့ Sam ဆိုတဲ့ ကောင်လေး ၂ ယောက်ဟာ စွန့်ပစ်ထားတဲ့ အိမ်ကြီး တအိမ်ထဲက ထူးဆန်းတဲ့ လက်ရေးမူစာအုပ်တအုပ်ကို တွေ့ရှိချိန်မှာ အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ စာအုပ်ထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတွေ၊ စုန်းတွေနဲ့ သတ္တဝါဆန်းတွေနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။ အရာရာ ကို ဖျက်ဆီးကြမယ့် ဒီမကောင်းဆိုးဝါးတွေကို ဘယ်လိုတားဆီးကြမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို Halloween Theme တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ အတူ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာ အမေရိကန် သရုပ်ဆောင် မင်းသမီး Wendi McLendon-Covey, Madison Iseman တို့နဲ့အတူ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Caleel Harris, Jeremy Ray Taylor တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး သရုပ်ဆောင်မင်းသား Jack Black ကတော့ အသံ နဲ့ ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်းအကုန်အကျခံရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင် ကားကို Boxoffice မှာတော့ ရုံတင်မယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇ သန်းနဲ့ ၂၂ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကို ကလေးငယ်တွေအတွက် မိဘအုပ် ထိန်းသူနဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉ဝ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတ ကားဖြစ်တဲ့ အဝေးချစ် ! ဒီကားကိုတော့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး ပုညခင်ရဲ့ ဝတ္ထုကို ရာဇဝင်ကိုက ဇာတ်ညွှန်းခွဲထားကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းတွေ ဖန်တီးတတ်တဲ့ စာရေးဆရာမ ပုညခင်ဟာ ဒီဝတ္ထုထဲ မှာ ဘယ်လိုဇာတ်ကောင်တွေနဲ့ ပုံဖော်ရေးဖွဲ့ထားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ချစ်သူတွေကြားမှာ အသက်အရွယ် ကွာဟမှုက အဓိက မကျပဲ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတခုသာ ဖြစ်တယ်ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ချစ်သူ ထက် အသက် ၈ နှစ်ပိုကြီးပေမယ့် ကလေးဆန်ပြီး ဗိုလ်ကျတတ်တဲ့ တေးသီသူဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင် မင်းသမီး သက်မွန်မြင့်၊ ချစ်သူထက် ၈ နှစ်ငယ်ပေ မယ့် တည်ငြိမ်ရင့်ကျက်ပြီး ချစ်သူအပေါ် နားလည်ခွင့်လွှတ်တတ်သူ နေညိုညချမ်းအဖြစ် အောင်ရဲလင်းတို့က ဒီကားထဲမှာ အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ ထွန်းကိုကို၊ သန္တာဗိုလ်တို့နဲ့အတူ ဇာတ်ပို့ဇာတ်ရံတွေအများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်း က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သက်မွန်မြင့်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာတို့ဟာ ပရိသတ်အားပေးမှုရှိပြီးသား သ ရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်တာမို့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ မထွက်ခင်ကတည်းက နာမည်ကြီးနေပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကတော့ ဟောလိဝုဒ် ဒရာမာရုပ်ရှင်ပရိတ် သတ်တွေအတွက်ပါ။ The Kindergarten Teacher လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Sara Colangelo က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ ၂ဝ၁၄ ခုနှစ်က ဒီနာမည်နဲ့ပဲ ရိုက်ကူးထားခဲ့တဲ့ အစ္စရေးရုပ်ရှင်ကားကို အခြေပြုပြီး ပြန်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Lisa ဟာ အသက် ၄ဝ အရွယ်ရှိတဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး New York မြို့ မူလတန်းကျောင်းတကျောင်းက ဆရာမတယောက်ပါ။ တနေ့မှာတော့ သူဟာ အတန်း ထဲက ထူးခြားတဲ့ ကဗျာစွမ်းရည်ရှိတဲ့ ၅ နှစ်သားလေး Jimmy ကို သွားတွေ့ချိန်မှာ သူ့ ကို စိတ်ဝင်စားရာကတဆင့် စွဲစွဲလမ်းလမ်းဖြစ်လာတယ်။ ကလေးငယ်ကို လစ်လျူရှု ထားကြတဲ့ မိသားစု၊ အထိန်းတွေရဲ့ ကြားက ဒီကလေးရဲ့ စွမ်းရည်တွေ ပိုပြီးထူးခြား ကောင်းမွန်လာအောင် Lisa က ဘယ်လိုခက်ခက်ခဲခဲ ကြိုးစားအားထုတ်မလဲဆိုတာတွေ ကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် Lisa နေရာမှာတော့ အမေရိကန်မင်းသမီး Maggie Gyllenhaal က သရုပ်ဆောင်ထားပြီး ငါးနှစ်သားကလေး Jimmy နေရာ မှာ တော့ ကလေးသရုပ်ဆောင် Parker Sevak တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါ ဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Sundance Film Festival မှာ ပြသခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုရရှိ ထားတာ ဖြစ်ပါတယ်။ ဒီကားဟာ IMDb မှာတော့ Rating 6.8 ထိ ရရှိထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ ပါတဲ့ တချို့ဇာတ်ဝင်ခန်းတွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူနဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထိုင်းရုပ်ရှင်ကားတကားဖြစ်တဲ့ The Pool ! ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမယ့် Action Thriller အမျိုးအစား ဒီရုပ်ရှင်ကားကိုတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Ping Lumpraploeng က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Commercial တစ်ခုအတွက် ရေကူးကန်အဟောင်းတခုထဲကို ရေတွေဖြည့်ပြီး ရေအောက်က Scene တွေ ရိုက်ကူးပြီးနောက်တစ်နေ့မှာ ၆ မီတာအနက်ရှိတဲ့ ရေကူး ကန်ကြီးကို ရေပြန်ထုတ်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ Day ဟာ ပြန်ရောက်လာခဲ့ တယ်။ အဲဒီအချိန်မှာ သူက ဘယ်သူမှ မရှိတော့တဲ့ ရေကူးကန်ထဲမှာ ရေဆင်းကူးရင်း ရေပေါ်လေအိတ်မွေ့ယာပေါ် မှေးစက်အိပ်ပျော်သွားရာက ပြန်နိုးလာချိန်မှာ ရေကူးကန် ထဲက ရေတဝက်လောက်ဟာ လျော့ကျသွားခဲ့ပြီ။ ကန်ထဲမှာ လှေကားလည်း မရှိဘူး။ အ ပေါ်ပြန်တက်လို့ မရပဲဖြစ်နေပြီး အနားဝန်းကျင်မှာလည်း ဘယ်သူမှ မရှိတဲ့အခြေအနေ။ အဲဒီအချိန်မှာ ဖုန်းကလည်း ရေထဲကျသွားပြီး ဖုန်းပါဆက်မရတော့တဲ့အပြင် ရေတွေက လည်း တစ်ဖြည်းဖြည်းကျလာပြန်တယ်။ သူဟာ လွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ ချစ်သူ ကောင်မလေး Koy ရောက်လာပြီး ရေကူးကန် Diving ထိုးတဲ့နေရာကနေ ချော်ကျ ခေါင်း ထိပြီး ရေထဲ ပြုတ်ကျသွားခဲ့တယ်။ ဒီအခြေအနေကို ပိုဆိုးဝါးသွားစေတာကတော့ ထိုင်း နိုင်ငံတဝှမ်းရေကြီးရေလျှံမှုတွေကြောင့် ဘယ်လိုရောက်နေမှန်းမသိပဲ ကန်ထဲရောက်နေ ခဲ့တဲ့ မိကျောင်းတကောင်ကြောင့်ပါပဲ။ ခေါင်းဒဏ်ရာနဲ့ သတိလစ် မေ့မျောနေတဲ့ ချစ်သူမိန်းကလေးရယ်။ ရေတွေ လုံးဝ ကျတဲ့အထိ နှစ်ယောက်လုံး အပေါ်ဘယ်လိုမှတက်လို့ရအောင် ကြံဆလို့မရနိုင်ဖြစ်နေ တဲ့ Day ရယ်ဟာ မိချောင်းရဲ့ ရန်ကနေပါ ကာကွယ်ရဖို့ ဖြစ်လာတဲ့အခါ ဘာတွေ ဆက် ဖြစ်လာမလဲ။ မိကျောင်းတိုက်ခိုက်မှုရန်ကနေ သူတို့ ၂ ယောက် လွတ်မြောက်သွား မ လားဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ထိုင်းနိုင်ငံရဲ့ Golden Television Awards အဓိက ဇာတ် ဆောင်ဆု ၄ ကြိမ် ရရှိထားတဲ့ နာမည်ကြီးမင်းသား Ken Theeradeth Wongpuapan နဲ့ အဆိုတော်နဲ့ သရုပ်ဆောင်မင်းသမီး Ratchiratham Ratnomnot တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကတည်းက ထွက်ရှိ ထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ မြန်မာနိုင်ငံမှာ လက်ရှိ ရုံတင်ပြသနေတာဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃ဝ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃ဝ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024