ပေါက်ခေါင်းမြို့တွင် အင်အား ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
October 11, 2018
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၅ နာရီလောက်က ပေါက်ခေါင်းမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။