DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
DVB
·
August 19, 2012
ကျောင်းသားတပ်နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Donate to DVB

အစိုးရတပ်တွေက ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်သွားရာလမ်းတကြောမှာ အခြေပြုထားတဲ့ ကျောင်းသားတပ်မတော်စခန်းကို ၀င်ရောက်တိုက်ခိုက်လို့ တိုက်ပွဲခဏတာဖြစ်ပွားခဲ့ပါတယ်။

[caption id="attachment_29417" align="alignright" width="300" caption="ကျောင်းသားတပ်မတော်နှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ"][/caption]

ကေအိုင်အေ တပ်မဟာ ၅ နယ်မြေ လဂျားယန်မှာ အခြေပြုပြီး ကေအိုင်အေ တပ်ဖွဲ့တွေနဲ့အတူ စစ်ရေးပူးတွဲဆောင်ရွက်နေတဲ့ ကျောင်းသားတပ်ကို အစိုးရတပ်က ဩဂုတ် ၁၈ ရက်က ၀င်တိုက်တာလို့ ကျောင်းသားတပ်မတော် မြောက်ပိုင်းအဖွဲ့ ဥက္ကဋ္ဌ ကိုလဆိုင်းက ပြောပါတယ်။

“မနေ့က ဖြစ်တာက လဂျားယန်မှာ ဌာနချုပ်ရှိတယ်။ ဌာနချုပ်မှာက ခလရ ၄၀ ထိုင်ထားတယ်။ အင်အား ၇၀ လောက်ရှိတယ်။ အဲ့မှာ ရိက္ခာပြတ်နေတယ်။ သူတို့ရှေ့မှာက ကျောင်းသားနဲ့ မဟာမိတ် ကေအိုင်အေထိုင်ထားတဲ့ ဌာနချုပ်ရှိတယ်။ အဲမှာ ရိက္ခာပို့ဖို့အတွက် ကြိုးစားတာ၊ အဲမှာ အောက်ကတက်လာတဲ့ တပ်ဖွဲ့တွေက ထိုးစစ်ပုံစံနဲ့ လာဆင်ဖို့.အရင်တခေါက်လည်း ဖြစ်ပြီးပြီ။ အခုလည်း ခလရ ၄၀ အဖွဲ့တွေက ကျနော်တို့ကျောင်းသားတပ်မတော်ရှိတဲ့ ကုန်းကို ပစ်တဲ့အခါ ကျနော်တို့ကလည်း ပြန်လည်ခုခံပစ်ရင်းနဲ့ ဖြစ်တာ။”

မနေ့က တိုက်ပွဲဟာ ခဏတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လက တိုက်ပွဲတွေလောက် မပြင်းထန်ဘူးလို့ သူက ပြောပါတယ်။ အစိုးရတပ်တွေက ကေအိုင်အိုခွင်ထဲမှာ တပ်အင်အားဖြည့်တင်းပြီး တပ်မဟာတိုင်းမှာ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

အစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ချမှတ်လုပ်ဆောင်ရမယ်လို့ ကိုလဆိုင်းက ပြောပါတယ်။

“တကယ့် ပြောင်းလဲမှုကို လိုလားတဲ့ အစိုးရဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ရမယ်။ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တမျိုးသားလုံး ရင်ကြားစေ့ရေး လုပ်ရမယ်။ ကျနော်တို့ မြင်တာက အဲဒီလိုမျိုးပါ။ ကျနော်တို့ ကျောင်းသားတပ်မတော် မူရှိတဲ့အတိုင်း တပြည်လုံး အတိုင်းအတာဆိုရင် ကျနော်တို့ လက်ခံတယ်။ ကျနော်တို့ကတော့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့အတူ နေထိုင်တဲ့ ကျောင်းသားတပ်မတော် ဖြစ်တဲ့အတွက် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ တိုက်နေသရွေ့ ကျနော်တို့လည်း တိုက်နေမှာပဲ။”

အစိုးရနဲ့ ကေအိုင်အိုအကြား ၁၉၉၄ ကစလို့ အပစ်အခတ်ရပ် သဘောတူကြပေမယ့် မနှစ် ဇွန်လကစလို့ နယ်ခြားစောင့်တပ်ဖွဲ့ရေးနဲ့ လက်နက်ချရေးတွေ တောင်းဆိုခဲ့ပြီးတဲ့နောက် နှစ်ဘက် တိုက်ပွဲပြန်ဖြစ်နေတာဖြစ်သလို ကျောင်းသားတပ်မတော်က ကေအိုင်အိုနဲ့ မဟာမိတ်လုပ်ပြီး အစိုးရတပ်တွေကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)ကို ၁၉၈၈ ခုနှစ် သမိုင်းဝင်လူထုအုံကြွမှုအပြီး တက်ကြွလှုပ်ရှားသူတွေက ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013