A d v e r t i s e m e n t With Us

ကယက်လှေပေါ် မြူးထူးပြီး ခုန်တက်ရန်ကြိုးစားခဲ့သည့် ယဉ်ပါးလှသည့် ဖျံကြီး (ရုပ်သံ)

လူတွေနဲ့ ယဉ်ပါးကြတဲ့ တိရစ္ဆာန်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတဲ့ ခွေး၊ ကြောင်စတဲ့ သတ္တ၀ါတွေသာဖြစ်ကြပေမယ့် ဒီပင်လယ်ဖျံကြီးကတော့ အံ့သြစရာကောင်း လောက်အောင် လူနဲ့ ယဉ်ပါးလိုစိတ်ရှိနေတာကို တွေ့ကြရမှာပါ။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၅ ရက်နေ့က အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ကွန်ဝေါလ်ကမ်းရိုးတန်းမှာ ဖြစ်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရေထဲကနေ ဘွားကနဲပေါ်လာခဲ့တဲ့ ပင်လယ်ဖျံကြီးဟာ ကယက်လှေပေါ်က လူတွေကို စူးစမ်းနေပြီး ဆော့ကစားမြူးထူးနေခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သူဟာ ကယက်လှေဘေးကနေ ဘောင်ကို ရှေ့လက်နဲ့ယက်ပြီး ခုန်တက်ဖို့ ကြိုး စားနေချိန်မှာ လှေပေါ်ပါ အမျိုးသားကြီးဟာ အံ့သြပျော်ရွှင်နေခဲ့တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up